၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ကိစ္စရပ်များဆွေးနွေး
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မြန်မာနိုင်ငံဆိုင်ရာဌာနနေကိုယ်စားလှယ် မစ္စတာ သူရှာရာဖာနန်ဒို ကို ယမန်နေ့(ဩဂုတ် ၁၇)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှင့် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရူခြင်းလုပ်ငန်းများ ပိုလီယိုရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ အမျိုးသမီးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပုံမုန်ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်နေသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် မန္တလေး ငလျင်ကြီး လှုပ်ခတ်ပြီး WHO မှ ကူညီပံ့ပိုးပေးလျက်ရှိသည့် ကိစ္စများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် နည်းပညာပံပိုးပေးနိုင်မည် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
