Thursday, July 2, 2026

မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ် မြောက်အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ်မြောက်အခမ်းအနားကို ယနေ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းက မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် အလံတင်အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးနှင့်...

အခြေခံပညာကျောင်း (၅၁,၀၀၀)ကျော်အနက် (၃၅,၀၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး...

ကျောင်းသား (၇.၂၇၅) သန်းကျော် ကျောင်းအပ်နှံထားပြီး အမှန်တကယ်တက်ရောက်မှု (၉၈.၆၅) ရာခိုင်နှုန်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းပေါင်း (၅၁,၀၀၀)ကျော်အနက် ကျောင်းပေါင်း (၃၅,၀၀၀)ကျော်...

တရုတ်၊ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို...

မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးဖြစ် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

ဒလနှင့် ဒဂုံတောင်တွင် မီတာခိုးသုံးမှုများနှင့် ဓာတ်အားလေလွင့်မှု...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မြင့်မားနေခြင်းနှင့် မီတာဖတ်ရှုခြင်းလုပ်ငန်းစဉ်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်နေ့တွင်...
HomeNewsLocal Newsကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင်...

ကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင် တင်ပြ၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၌ ရန်ပုံငွေတောင်းခံ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ တောင်သူများ၏ စိုက်ပျိုးရေအတွက် အဓိကအားထားနေရသော ကံကြီးဝရေလွှဲဆည်ကို အမြန်ဆုံး အကြီးစားပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုလတ်က တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် မေးမြန်းတင်ပြခဲ့ကြောင်း သိရသည်။

ကံကြီးဝရေလွှဲဆည်သည် တမူးမြို့ရှိ အကျိုးပြုစိုက်ဧရိယာ ၈၃၅ ဒသမ ၂၄ ဧကအတွက် အဓိကရေပေးဝေသည့် ဆည်ဖြစ်ပြီး တမူးမြို့ရှိ အိမ်ထောင်စု ၁၃,၀၀၀ နီးပါးနှင့် လူဦးရေ ၆၃,၀၀၀ ကျော်အနက် အများစုမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြသည့် တောင်သူများဖြစ်ကြောင်း ကိုယ်စားလှယ်က ပြောကြားသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကျိုးပေါက်ပျက်စီးခဲ့ပြီး စိုက်ပျိုးရေပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တောင်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငွေကျပ် ၄၅၇ သိန်းခန့် အသုံးပြုကာ ဆည်ပေါင်တင်ခြင်း၊ ကျောက်ချခြင်း၊ ရေမြောင်းလိုက်ခြင်းနှင့် ရေကာတာပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် မိုးရာသီတွင် တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ဆည်ထပ်မံပျက်စီးခဲ့ကာ စပါးအထွက်နှုန်းများ သိသိသာသာ ကျဆင်းခဲ့ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ယင်းမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြန်လည်ဖြေကြားရာတွင် ကံကြီးဝရေလွှဲဆည် ပြုပြင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် သင့်လျော်သည့် ရန်ပုံငွေအရင်းအမြစ်များထံ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကံကြီးဝရေလွှဲဆည်သည် တမူးမြို့၊ မြို့မရပ်ကွက်ရှိ မဟူရာချောင်း (ပါဟဲချောင်း) ပေါ်တွင် ၂၀၁၆ ခုနှစ်၌ တည်ဆောက်ခဲ့သည့် အကျယ် ၂၈၀ ပေ၊ အမြင့် ၆ ပေရှိ ကျောက်စီကွန်ကရစ်ရေလွှဲဆည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မိုးရာသီတွင် တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ဆည်အထက်ပိုင်း၌ သဲနုန်းများ ပို့ချလာပြီး ရေတိုက်စားမှုများကြောင့် ရေလျှံထိန်းတာပေါင် ပေ ၁,၀၀၀ ခန့်နှင့် ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန်၏ အောက်ခံကြမ်းခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ် မြောက်အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇)နှစ်မြောက်အခမ်းအနားကို ယနေ့ ဇူလိုင် ၂ ရက်နံနက်ပိုင်းက မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် အလံတင်အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌဦးစန်ပေ့ကမိန့်ခွန်းလွှာဖတ်ကြားခြင်း၊ တပ်နှင့် ပြည်သူတရပ်လုံး၊ လူမှုအသိုင်းအဝိုင်းအလွှာအသီးသီးကို ကျေးဇူး တင်စကားပြောကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုင်းလား အထူးဒေသ(၄)၏ ငြိမ်းချမ်းရေး(၃၇) နှစ်မြောက်အခမ်းအနားတွင် အားကစားပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်း (၅၁,၀၀၀)ကျော်အနက် (၃၅,၀၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် (၃၀)ရာခိုင်နှုန်း ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

ကျောင်းသား (၇.၂၇၅) သန်းကျော် ကျောင်းအပ်နှံထားပြီး အမှန်တကယ်တက်ရောက်မှု (၉၈.၆၅) ရာခိုင်နှုန်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းပေါင်း (၅၁,၀၀၀)ကျော်အနက် ကျောင်းပေါင်း (၃၅,၀၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောင်း (၃၀)ရာခိုင်နှုန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့သည့်...

တရုတ်၊ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်မည်

မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးဖြစ် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတွင် မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းလေ့လာမှု ပြီးစီးသွားပြီဖြစ်ပြီး စီမံကိန်းစတင်အကောင်အထည်ဖော်ရန် အသင့်အနေအထားသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071