စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ကော်ဖီပင် (၂၀၀)ပင်ကို မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ်စိုက် ပျိုးခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါဒနှင့် မျက်စိပသာဒအကျိုးများရရှိရေး၊ ကော်ဖီစိုက်ပျိူးခြင်းအောင်မြင်ဖြစ်ထွန်းလာပါက ဒေသခံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရေးတို့အတွက်ရည်ရွယ်၍ စိုက်ပျိူးခဲ့ကြခြင်းဖြစ် သည်။
အဆိုပါ ကော်ဖီပင်များအား ရေရှည်တည်တံ့ရေးအ တွက် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှဆက်လက်ကြီး ကြပ်ဆောင်ရွက်မည်ဖြစ်သည်။
