ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
” ကော့ကရိတ်မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်မှာနေတဲ့ နာတာရှည်၊ မသန်စွမ်း၊ အသက်(၂)နှစ်အောက်နဲ့ နောက်ပြီး အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စု(၃၀၀) ကို အိမ်ထောင်စုတစ်စုကို (၁၂)ပြည်နှုန်းလှူဒါန်းပေးခဲ့တာပါ”ဟု ကော့ကရိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်က ပြောသည်။
သထုံလူမှုကူညီရေးအသင်း၏လှူဒါန်းပေးသောဆန်များကို ကော့ကရိတ်မြို့တာဝန်ရှိသူများက ထပ်ဆင့်လွှဲပြောင်းလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
