Thursday, August 6, 2026

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...
HomeInternationalကိုဗစ်-၁၉ဆိုင်ရာအချက်အလက်များပေးရန်WHOကတရုတ်ကိုတောင်းဆို

ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်များပေးရန်WHOကတရုတ်ကိုတောင်းဆို

ကမ္ဘာကို ပျံ့နှံ့ခဲ့သည့် ကပ်ရောဂါစတင်အပြီး ၅ နှစ်အကြာတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားပုံနှင့်ပတ်သက်၍ နားလည်သဘောပေါက်နိုင်ရန်အတွက် အချက်အလက်မျှဝေပေးရန် ဒီဇင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တရုတ်နိုင်ငံကို မေတ္တာရပ်ခံခဲ့သည်။

ကိုဗစ်-၁၉ သည် လူသန်းပေါင်းများစွာကို ‌ေ-သဆုံးစေခဲ့ကာ စီးပွားရေးကို ပြိုလဲပျက်စီးစေခဲ့ပြီး ကျန်းမာရေးစနစ်များကို ယိုယွင်းစေခဲ့သည်။

ကိုဗစ်-၁၉ ၏ ဇစ်မြစ်ကို နားလည်နိုင်ရန်အတွက် အချက်အလက်မျှဝေးပေးရန်နှင့် ဝင်ရောက်စစ်ဆေးခွင့်များပြုရန် တရုတ်အစိုးရကို မိမိတို့ ဆက်လက်တောင်းဆိုပါကြောင်းနှင့် ယင်းသည် စိတ်ဓါတ်ရေးရာနှင့် သိပ္ပံပညာဆိုင်ရာ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း WHO က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

နိုင်ငံအချင်းချင်းအကြား ပွင့်လင်းမြင်သာမှု၊ မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်များမရှိပါက ကမ္ဘာကြီးသည် နောင်အနာဂတ်တွင် ကပ်ရောဂါများ၊ နေရာအနှံ့ပျံ့သောကူးစက်ရောဂါများအတွက် လုံလောက်သော ကြိုတင်ကာကွယ် ပြင်ဆင်မှုများလုပ်နိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။

ဒီဇင်ဘာလအစောပိုင်းတွင် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆပ်က ကမ္ဘာသည် နောက် ကပ်ရောဂါတစ်ခုအတွက် ကိုဗစ်-၁၉ တုန်းကထက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားခြင်း ရှိမရှိကို ပြောကြားခဲ့သည်။

“အဖြေကတော့ ဟုတ်တယ်၊ မဟုတ်ဘူးပါပဲ” ဟု သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အကယ်၍ ယနေ့တွင် နောက်ကပ်ရောဂါတစ်ခုရောက်ရှိလာပါက ကမ္ဘာသည် လွန်ခဲ့သော ငါးနှစ်က ကိုဗစ်-၁၉ ကို ပျံ့နှံ့ စေခဲ့သော အားနည်းချက်မျိုးနှင့် ချို့ယွင်းချက်မျိုးကို ရင်ဆိုင်ရဦးမည်ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်ဆီးဆုံးရှုံးမှုများကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံများသည် ကပ်ရောဂါ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို စတင်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြသည်။

WHO အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံသည် စာချုပ်တွင် ပါဝင်သင့်သည်များအနက် အများစုတွင် သဘောတူညီခဲ့ကြသော်လည်း လက်တွေ့ကျသော အချက်များအပေါ်တွင်မူ တင်းခံနေခဲ့ကြသည်။

ဆေးဝါးလုပ်ငန်းကဏ္ဍကြီးများရှိနေသော အနောက်နိုင်ငံများနှင့် ကပ်ရောဂါသစ်ကြုံလာပါ ဘေးဖယ်ထုတ်ခံထားရမည်ကို စိုးရိမ်သော ဆင်းရဲသည့်နိုင်ငံများအကြားတွင် အဓိကကွဲလွဲချက်တစ်ခု ရှိနေခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဖိတ်ခေါ်

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတက ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၏ Plenary Hall ၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် မိန့်ခွန်းပြောကြားစဉ် ယင်းသို့...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာရွှေ့ ပြောင်းပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ဆပါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများက ည ၆ နာရီ ၄၅ မိနစ်ခန်မှစတင်ကာ ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအား ရေဘေးလွတ်ကင်းသော နီးစပ်ရာဆွေမျိုးများအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071