Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ...

ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ က သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်ကို ယနေ့ ဇူလိုင် ၄ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာတွင် အထက်ပါအတိုင်း ​ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း တုံပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ဇွန်လ ၁၇ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၂၅ နှင့် ၂၆ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့​ခြင်းဖြစ်သည်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့(UN CTFMR)တို့ နှစ်ဖက်တွေ့ဆုံပူးပေါင်း၍ တိုက်ဆိုင်စိစစ်မှုများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း နှစ်ဖက်အကြား အစည်းအဝေး ၄ ကြိမ်တိုင်ကျင်းပခဲ့ပြီး စိစစ်တွေ့ရှိသည့် အသက်မပြည့်သေးသည့် စစ်သည် ၉၃ ဦး တပ်မတော်မှ နုတ်ထွက်ခွင့်ပေးကာ မိဘများထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ကြောင်း ကော်မတီက ပြောသည်။

နုတ်ထွက်ခွင့်ရသည့် စစ်သည်တစ်ဦးချင်းအလိုက် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်သလို ၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ပူးတွဲတိုက်ဆိုင်စိစစ်မှုပြုလုပ်ခဲ့ရာ အသက်မပြည့်ဟု သံသယရှိသူစစ်သည် ၁၈ ဦးသာ ကျန်ရှိကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ထိခို-က်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) Helpline ဝန်ဆောင်မှုကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တိုင်ကြားမှုဖြစ်စဉ် ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

သို့သော် ကုလသမဂ္ဂ၏ ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်များသည် စနစ်တကျစိစစ်ထားခြင်းမရှိသည့် ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာ ဖော်ပြထား​ခြင်း ကိုတွေ့ရှိရကြောင်း ကော်မတီက တုံ့ပြန်ချက်တွင်ဖော်ပြထားသည်။

ကုလသမဂ္ဂအနေဖြင့် တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံကို ကူညီရာမရောက်ဘဲ ကုလသမဂ္ဂ၏ သမာသမတ်ကျမှုနှင့် အချက်အလက်စုဆောင်းသည့်ပုံစံ (methodology) အပေါ် မေးခွန်းထုတ်စရာဖြစ်​နေပြီး အဖွဲ့ဝင်နိုင်ငံများအပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည် လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ပြင်းထန်စွာ တောင်းဆိုကြောင်း ကော်မတီက တုံ့ပြန်ထားသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ က အသိပေးထားသည်။

မြန်မာ့တပ်မတော်ကို အဓိကထား၍ ကုလသမဂ္ဂက ရည်ညွှန်းနေချိန်တွင် EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်းလက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ သုံးစွဲမှုရှိနေပြီး EAO များမှာ ဖိအားပေးမခံရဘဲ ရှိနေကြောင်း အရပ်ဖက် အဖွဲ့အစည်းအချို့က ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071