Friday, August 7, 2026

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...
HomeInternationalကယ်လီဖိုးနီးယားတောမီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာ

ကယ်လီဖိုးနီးယားတောမီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာ

လော့စ်ဆန်းဂျလိစ်တွင် လောင်ကျွမ်းလျက်ရှိသော တောမီး၏ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် အမေရိကန်ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာန(HHS) က ဇန်နဝါရီ ၁၀ ရက်တွင် ကယ်လီဖိုးနီးယားဒေသ၌ ပြည်သူ့ကျန်းမာရေးအပေါ်အခြေအနေ ကြေညာလိုက်သည်။

တောမီးလောင်ကျွမ်းမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့၏ အရှေ့နှင့် အနောက်ခြမ်းရှိ ရပ်ကွက်များ မီးလောင်ခဲ့ပြီး လက်ရှိအချိန်အထိ လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီဖြစ်ကာ အဆောက်အအုံ ၁၀,၀၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။ ‌ေ-သကြေထိခိုက်မှု ကိန်းဂဏန်းများသည် မြင့်တက်လာနိုင်သည်ဟုလည်း ဆိုခဲ့သည်။

အရေးပေါ်ကြေညာချက်သည် Medicare and Medicaid ကျန်းမာရေးအာမခံအစီအစဉ်များတွင် စာရင်းသွင်းထားသူများ၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ပိုမိုချောမွေ့လွယ်ကူစေသည်ဟု HHS က ပြောဆိုခဲ့သည်။

ဌာန၏ အရေးပါသော ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်မှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့(ASPR) သည် ပြည်နယ်က တောင်းဆိုလာပါက ဆေးဘက်ဆိုင်ရာပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဝန်ထမ်းများနှင့်အတူ ဖြန့်ကျက်ချထားရန် ပြင်ဆင်ထားသည်ဟု HHS က ပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းမှုကို ကြီးမားသောကပ်ဘေးတစ်ခုအဖြစ် ဇန်နဝါရီ ၈ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီး အမေရိကန်အစိုးရသည် လာမည့် ခြောက်လအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးအပ်သွားမည်ဟု ဆိုခဲ့သည်။ ထို့အပြင် မီးငြိမ်းသတ်ရန်နှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကယ်လီဖိုးနီးယားပြည်နယ်က လိုအပ်သော အရင်းအမြစ်များကို ဖြည့်ဆည်းပေးသွားမည်ဟုလည်း ဇန်နဝါရီ ၁၀ ရက်တွင် ဘိုင်ဒင်က ထပ်လောင်းကတိပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071