Home Movies ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

0
96

ကယားပြည်နယ်အစိုးရအဖွဲ့က ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့မှု၌ ဖားဆောင်းမြို့နယ်မှ ပြည်သူ ၅၅၀ ဦးနှင့် မော်ချီးဒေသမှ ပြည်သူ ၂၉၅ ဦး၊ စုစုပေါင်း ပြည်သူ ၈၄၅ ဦးအတွက် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ဆန် ၂၈၂ အိတ်၊ ဆီ ၄၂၃ ပိဿာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားကို ယနေ့(ဇွန် ၁၉ ရက်)တွင် လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသမှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here