ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ဇန်နဝါရီ ၂၅ ရက်နေ့က မြန်မာနိုင်ငံသား ၅၆၆ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား(၅၀) ကို ဇန်နဝါရီ (၂၅)ရက် ယနေ့ တွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် မန္တလေးလေဆိပ်သို့ ပို့ဆောင်ခဲ့ပြီး၊ ၁၉၀ ကို ယနေ့ ညနေပိုင်းတွင် တပ်မတော်လေယာဉ် နှင့် မြိတ်မြို့ သို့ ခေါ်ဆောင်ခဲ့ပြီ ထပ်မံ၍ ၁၉၀ ဦးကိုလည်း ထပ်မံခေါ်ယူပြီး စုစုပေါင်း ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်း ဇန်နဝါရီ ၂၃ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ထားကြောင်းလည်း သိရသည်။
လက်ရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
