Tuesday, August 4, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းများမှ လွတ်လာသူများတွင် ထိုင်းအများစုပါဝင်

ကမ္ဘောဒီးယားငွေလိမ်ဂိုဏ်းများမှ လွတ်လာသူများတွင် ထိုင်းအများစုပါဝင်

ဆိုက်ဘာရာဇဝတ်မှုများကို အာဏာပိုင်များက ဆက်လက် ဖော်ထုတ်နှိမ်နင်းနေရာ ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုမှ လွတ်မြောက်လာသော နိုင်ငံခြားသား ၂၃၀ ဦးတွင် ထိုင်းနိုင်ငံသား စုစုပေါင်း ၁၁၉ ဦး ပါဝင်သည်ဟု ဆိုသည်။

Banteay Meanchey ပြည်နယ် Poipet မြို့ရှိ နေရာနှစ်ခုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ကြောင်း ကမ္ဘောဒီးယားရဲချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်ဟု ခမာတိုင်းမ်စ်က စနေနေ့(မတ်လ ၁ရက်နေ့) ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

စီးနင်းမှုများတွင် တွေ့ရှိခဲ့သည့် နိုင်ငံခြားသား ၂၃၀ တွင် ၁၂၃ ဦးသည် ထိုင်းနိုင်ငံသားများဟု ဆိုသော်လည်း ၁၁၉ ဦးသည်သာ ထိုင်းနိုင်ငံမှဟု အတည်ပြုခဲ့သည်။ အခြား လွတ်မြောက်နိုင်ငံခြားသားများတွင် မြန်မာနှင့် လာအိုနိုင်ငံသားများ ပါဝင်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသား ၁၁၉ ဦး(ကျား ၆၁၊ မ ၅၈) ဦးသည် ဝင်ငွေမြင့်မားသည်ဟူသောစည်းရုံး ဆွဲဆောင်မှု‌ကြောင့် အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် လုပ်ကိုင်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့သည် ယင်းအဖွဲ့များသို့ လာရောက်ရန်အတွက် လှည့်ဖြားသိမ်းသွင်းခံရခြင်းမဟုတ်ကြောင်းနှင့် ၎င်းတို့ ဆန္ဒအတိုင်း လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

၎င်းတို့အနေဖြင့် ထိုင်း သို့မဟုတ် ကမ္ဘောဒီးယားအစိုးရများထံသို့ အကူအညီတောင်းခံခြင်းမျိုး မလုပ်ခဲ့ဟု သိရသည်။

ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားအားလုံးကို နေရပ်ပြန်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်လူမျိုးပိုင် အွန်လိုင်းလုပ်ငန်းများကို သုံးလကြာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက် စီးနင်းဖမ်းဆီးခြင်းများ လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ပြော

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ် ၃ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ငြိမ်းချမ်းရေးအ တွက်တွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် UWSP ဒုတိယ ဥက္ကဋ္ဌက နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ တော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခြင်းကိုထပ်လောင်းဂုဏ်ပြုခဲ့ပြီး ပြည် ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကိုတစိုက်မတ်မတ်စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်းအခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအပေါ် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစေကာ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်းလက်ခံတွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်ကိုလည်းတက်ရောက်သွားမည်ဖြစ် ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေး နွေးသွားမည်ဖြစ်ကာ ခရီးစဉ်အား...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများအားဆက်သွယ်လှူဒါန်းနိုင်သည့် လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့က အသိ ပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (DDM)ရုံးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(Red Cross)ဌာနချုပ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ အစိုးရကထူထောင်ထားသည့် ရေ ဘေးကူညီရေးနှင့် ကယ်ဆယ်ရေးစခန်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့လည်းဆက်သွယ်လှူ ဒါန်းနိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071