Saturday, July 25, 2026

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း...

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက်...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍...

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက်...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍...

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်...

မြတ်ကောင်းခန့် သွင်းဂိုးဖြင့် ပထမပိုင်းရလဒ် အလားအလာကောင်းနေ

ယနေ့ ဇူလိုင်၂၅ ရက် ညနေပိုင်းအချိန်၌ မြန်မာ-မလေးရှားအသင်းတို့၏ AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ...
HomeMoviesကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်။ဓာတ်ဆီ92တစ်လီတာ...

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်။ဓာတ်ဆီ92တစ်လီတာ ကျပ် ၃၃၅၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၅၆၀ ဖြစ်လာ

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ရေနံဈေးအနေဖြင့် ယခင်တစ်ပတ်က ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယနေ့တွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၉၂ ဝန်းကျင်အထိ မြင့်တက်လာခဲ့ခြင်းကြောင့် ပြည်တွင်း၌လည်း စက်သုံးဆီဈေး ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၂၄ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron ၃,၃၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron ၃,၄၆၀ ကျပ်၊
ဒီဇယ် (HSD 500 ppm) ၃,၅၆၀ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၃၁၅ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၃၀ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၄၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၄၂၀ ထပ်မံဈေးတက်လာသည်။

သို့သော် ယခုအပတ်တွင် စက်သုံးဆီဈေး ပြန်လည်မြင့်တက်လာသော်လည်း ဧပြီလ သင်္ကြန်ကာလအပြီး အမြင့်ဆုံးရောက်ရှိခဲ့သည့်ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်းသည် (၁၄)ပတ်ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၄)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၃၈၅ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၄၈၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၂၉၂၅ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၄၄၀ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် မလေးရှားတို့၏ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း၌ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးရလဒ်ဖြင့် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။ ​အဆိုပါပွဲစဉ် ပထမပိုင်း စတင်ပြီး ၁၀ မိနစ်တွင် မြန်မာအသင်းအတွက် ကွင်းလယ်လူ မြတ်ကောင်းခန့်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်း ပွဲကို အသာစီးရရှိခဲ့ပြီး...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြိုနယ် ၁၆ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် (၁၆) မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေး ထုတ်ပြန်ထားသည်။​ လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer သည် OLCT Control ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် ဇူလိုင် (၂၇) ရက် နေ့လယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071