Wednesday, May 6, 2026

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeNewsFootballကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တွင် မြန်မာအသင်းက...

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တွင် မြန်မာအသင်းက ပေးဂိုး အများဆုံးဖြစ်နေ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပြိုင်ပွဲတွင် မြန်မာအသင်းက ပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ရကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအတွင်း အောက်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ရကာ၊ (၆)ပွဲကစားအပြီးတွင် ပေးဂိုး (၂၈)ဂိုးအထိ ရှိခဲ့သည်။

ဘောလုံးကမ္ဘာအဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းထက် နိမ့်သည့် နီပေါနိုင်ငံအသင်းက ပေးဂိုး (၂၀) ဂိုး၊ ပါကစ္စတန်နိုင်ငံအသင်းက (၂၆)ဂိုးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသင်းက (၂၀)ဂိုး ရှိခဲ့သည်။

ကမ္ဘာဖလား အာရှဇုန် ခြေစစ်ပွဲအတွင်း မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း၌ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့အား ပွဲတိုင်းဂိုးပေးခဲ့ရပြီး နှစ်ကျော့ကစားခဲ့အပြီး ဂျပန်ကို (၁၀)ဂိုး၊ ဆီးရီးယားကို (၈)ဂိုးနှင့် မြောက်ကိုရီးယားကို (၁၀)ဂိုး အသီးသီးပေးခဲ့ရသည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအတွင်းယှဥ်ပြိုင်ကစားမှုတွင် သွင်းဂိုး(၃)ဂိုးရခဲ့ပြီး ယင်း(၃)ဂိုးကို ဝင်းနိုင်ထွန်း၊ စိုးမိုးကျော်နှင့် ဝေလင်းအောင်တို့က သွင်းယူပေးထားခြင်း ဖြစ်သည်။

မြန်မာအသင်းအ‌နေဖြင့် အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်‌သော်လည်း အာရှဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲများဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ်အသုံးပြုနိုင်ရန် ပြင်‌ဆင်နေ

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ ပဲခူးပရိသတ်များက "မြန်မာပြည်ရဲ့ လီဗာပူး"ဟု တင်စားခေါ်ဝေါ်ကြသည့်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ဘားအံမြို့ရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း၌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊ ဆိုလာပြားများ၊ ဆိုင်းဘုတ်များပြုတ်ထွက်လွင့်စင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်ပြိုလဲခြင်း၊ ပြိုလဲကျိုးကျသည့် သစ် ပင်သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ဒေသခံများကဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-ကိုနေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071