Saturday, June 13, 2026

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...
HomeInternationalကမ္ဘာ့ပထမဆုံး ထရီလီယံနာ အီလွန်မတ်ဖြစ်လာ

ကမ္ဘာ့ပထမဆုံး ထရီလီယံနာ အီလွန်မတ်ဖြစ်လာ

အီလွန်မတ်စ်ဟာ သူ့ရဲ့ SpaceX ဒုံးပျံကုမ္ပဏီ ရှယ်ယာတွေ စတော့ဈေးကွက်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး စတင်ရောင်းချမှုအတွင်း ဈေးတွေအရမ်းတက်သွားပြီးတဲ့နောက် သောကြာနေ့မှာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ (Trillionaire) သူဌေးကြီး ဖြစ်လာခဲ့ပါတယ်။

Bloomberg ရဲ့ သူဌေးကြီးများစာရင်းအရ သူ့ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက ဒေါ်လာ ၁.၁၁ ထရီလီယံ (ပေါင် ၈၂၈ ဘီလီယံ) ရှိသွားပြီဖြစ်လို့ Tesla နဲ့ SpaceX တည်ထောင်သူဟာ ကမ္ဘာ့အချမ်းသာဆုံးလူသားဆိုတဲ့ နေရာကို သက်တောင့်သက်သာနဲ့ပဲ အခိုင်အမာ ရယူသွားနိုင်ခဲ့ပါတယ်။

ဒီလိုဖြစ်လာတာက အဲဒီ ဒုံးပျံ၊ ဆက်သွယ်ရေးနဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ကုမ္ပဏီကို တန်ဖိုး ဒေါ်လာ ၂.၂ ထရီလီယံနဲ့ Nasdaq စတော့အိတ်ချိန်းမှာ စာရင်းသွင်းခဲ့လို့ပါ။

ကုမ္ပဏီဘက်ကတော့ ရှယ်ယာတစ်ခုကို ၁၃၅ဒေါ်လာနဲ့ ရောင်းချမယ်လို့ ဆိုခဲ့ပေမဲ့၊ အရောင်းအဝယ် စဖွင့်ချိန်မှာ ဒေါ်လာ ၁၅၀ ဖြစ်ခဲ့ပြီး ၁၇၆.၅၀ ဒေါ်လာအထိ ခဏတာ ရောက်သွားခဲ့ပါတယ်။ ဒါက အာကာသနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း အလားအလာတွေနဲ့ မတ်စ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေ ဘယ်လောက် စိတ်ဝင်စားနေလဲဆိုတာကို ပြသလိုက်တာပါပဲ။

သောကြာနေ့ ဈေးပိတ်ချိန်မှာတော့ SpaceX ရဲ့ ရှယ်ယာဈေးက ၁၆၁ ဒေါ်လာ ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

SpaceX ရဲ့ ရှယ်ယာတွေကို သောကြာနေ့က အများပြည်သူရှေ့ စတော့ဈေးကွက်မှာ မဖွင့်ခင်ကတည်းက၊ ကနဦး ရှယ်ယာရောင်းချမှု (IPO) ကနေ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကြားခံအာမခံသူတွေဆီကနေ ဒေါ်လာ ၇၅ ဘီလီယံ ရရှိခဲ့ပါတယ်။

SpaceX မှာ မတ်စ် ပိုင်ဆိုင်တဲ့ ၄၂% သော ရှယ်ယာတွေက သူ့ကို ကုမ္ပဏီရဲ့ လုပ်ဆောင်သမျှ အရာအားလုံးအပေါ် တစ်ဦးတည်း ထိန်းချုပ်ခွင့်ကို အပြည့်အဝ ပေးထားပါတယ်။ သူက ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေကို သူလိုချင်သလို သုံးစွဲနိုင်ပါတယ်။

Bloomberg ရဲ့ အဆိုအရ ဈေးပိတ်ချိန်မှာ သူ့ရဲ့ SpaceX ရှယ်ယာတွေက ဒေါ်လာ ၇၆၇.၁ ဘီလီယံ တန်ကြေးရှိပြီး၊ သူ့မှာ နောက်ထပ် SpaceX options ဒေါ်လာ ၅၃.၈ ဘီလီယံဖိုး ရှိပါသေးတယ်။ ဒါ့အပြင် သူ့မှာ Tesla ရှယ်ယာ ဒေါ်လာ ၁၆၈ ဘီလီယံနဲ့၊ Tesla options ဒေါ်လာ ၁၁၆.၄ ဘီလီယံဖိုးလည်း ရှိနေပါသေးတယ်။

မတ်စ် တစ်ယောက် ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာတဲ့ အခြေအနေက ကြွယ်ဝချမ်းသာမှု မညီမျှခြင်းတွေအကြောင်း ချက်ချင်း ငြင်းခုံစရာတွေ ဖြစ်လာစေပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုက အခုဆိုရင် ပိုလန် ဒါမှမဟုတ် ဆွစ်ဇာလန်နိုင်ငံ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးထွက်ကုန် စုစုပေါင်းနဲ့ သွားပြီးထပ်တူကျနေပါတယ်။

ဒီလို ကြားတောင်မကြားဖူးတဲ့ ချမ်းသာကြွယ်ဝမှုက မတ်စ်ကို ကမ္ဘာ့နိုင်ငံရေးမှာ ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားစေပါပြီ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071