ဖနောင်ပင်၊ဇန်နဝါရီ ၃၁
ကမ္ဘောဒီးယား၌ အမေရိကန်ပြည်ထောင်စုက ရန်ပုံငွေထောက်ပံ့မှုကိုရပ်တန့်လိုက်သဖြင့် ပြည်နယ်ရှစ်ခုရှိ မိုင်းရှင်းလင်းရေးစီမံချက်များကို ရပ်ဆိုင်းလိုက်ရကြောင်း မိုင်းရှင်းလင်းရေးအကြီးအကဲတစ်ဦးကပြောကြားခဲ့သည်။
အမေရိက၏ထောက်ပံ့မှုဖြင့်လုပ်ဆောင်နေသည့် အဆိုပါပြည်နယ်ရှစ်ခုရှိ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လတ်တလောတွင် ဇန်နဝါရီ ၂၅ မှစ၍ ၈၅ ရက်တာကာလအထိ ရပ်ဆိုင်းထားလိုက်ရသည်ဟုလည်း မိုင်းရှင်းလင်းရေးဗဟိုဌာန (CMSC) ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။
CMAC နှင့်မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါစီမံချက်များသည် အမေရိကထုတ် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန်မိုင်းများကိုရှင်းလင်းပစ်ရန်ဖြစ်သည်ဟုလည်းရေးသားဖော်ပြထားသည်။
CMAC အနေဖြင့် ၂၀၂၂ ခုနှစ်၊မတ်လမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မိုင်းရှင်းလင်းရေး လုပ်ငန်းများအတွက် အမေရိကထံမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၅ သန်း ထောက်ပံ့ငွေရရှိထားကြောင်းပြောကြားခဲ့ပြီး အဆိုပါရန်ပုံငွေများကို မိုင်းအကြွင်းအကျန်များ၏ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူ ၂၀၀ ခန့်ကို ထောက်ပံ့ပေးထားကြောင်းလည်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်၏ ကမ္ဘာတစ်ဝန်းရှိ အမေရိကဘက်ကထောက်ပံ့ကူညီနေသည့် အကူအညီအစီအစဉ်များအား ရက် ၉၀ ဆိုင်းငံ့လိုက်ခြင်းကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါရပ်ဆိုင်းသွားခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ
