Saturday, July 4, 2026

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ...

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင်...

မြန်မာ-ဘယ်လာရုစ် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အကောင်အထည်ဖော်ရေး...

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့်...

ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး...
HomeNewsLocal Newsကချင်ပြည်နယ်အတွက် ယူရီးယားဓာတ်မြေဩဇာ တန်ချိန်...

ကချင်ပြည်နယ်အတွက် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀ ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေ

ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည့် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်လွင်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများအတွက် အစိုးရစီစဉ်ပေးသည့် မော်တော်ယာဉ်အစီး (၁၀၀) ဖြင့် ဓာတ်မြေဩဇာ တန်ချိန် ၄၅၀ ကို သယ်ယူပို့ဆောင်စရိတ် သက်သာစေရန် စီစဉ်ပေးထားပြီး ကျန်လိုအပ်သည့် ပမာဏကိုလည်း ပြည်နယ်အစိုးရ၏ လိုအပ်ချက်အရ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တောင်သူလယ်သမားများ ဓာတ်မြေဩဇာကို ဈေးနှုန်းသက်သာစွာ ရရှိနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် စုပေါင်းဝယ်ယူ၊ စုပေါင်းဖြန့်ဖြူးသည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး အမြတ်မယူဘဲ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအပေါ် အခြေခံကာ သယ်ယူပို့ဆောင်ခနှင့် တင်ချခသာ ပေါင်းထည့်တွက်ချက်၍ ဒေသအရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ဓာတ်မြေဩဇာများ၏ အရည်အသွေးမှန်ကန်ရေးနှင့် သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ်စေရေးကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးလေ့လာကြည့်ရှု

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ Phontong Handicrafts Cooperation နှင့် CAMA Crafts သို့ သွားရောက်၍ လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ Phontong Handicrafts Cooperation ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာအိုရိုးရာပိုးမွေးမြူရေး၊...

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို့ သွားရောက်ဖူးမျှော်

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထင်ကရ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံဘုရား (Pha That Luang) သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းရှိသမိုင်းဝင် "ဖာသက်လွန်း စေတီတော်ကြီး" ပင် ဖြစ်သည်။ ဤစေတီတော်ကြီးသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကြွယ်ဝပုံကို ပြသနေရုံတင်မကဘဲ လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု၏ အသက်သွေးကြော...

မြန်မာ-ဘယ်လာရုစ် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အကောင်အထည်ဖော်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးနှင့် ဘယ်လာရုစ်သံအမတ်ကြီး ဆွေးနွေး

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) တွင် ပါဝင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071