တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Yuntianhua Group က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုများ ထောက်ပံ့ပေးလျက်ရှိရာ လက်ရှိအချိန်ထိ ကျောင်းသား စုစုပေါင်း (၅၀၅)ဦး ပညာသင်ဆုရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yuntianhua Group သည် ၂၀၁၈ ခုနှစ်မှစတင်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအား ပညာသင်ဆုများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
(၆) ကြိမ်မြောက် “Yuntianhua Scholarship” ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း နေပြည်တော်ရှိရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ အခုနှစ် ဩဂုတ် (၇)ရက်က ကျင်းပခဲ့ပြီး ထူးချွန်ကျောင်းသား/ ကျောင်းသူ (၁၀၄) ဦးအား ပညာသင်ဆုရများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် Yuntianhua Group နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ပူးပေါင်း၍ နားလည်မှုစာချွန်လွှာအသစ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပညာသင်ဆုအစီအစဉ်အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ဆောင်ခြင်းဖြစ်သလို ဆင်းရဲနွမ်းပါးသည့် ကျောင်းသားကျောင်းသူများကို ဂရုပြု၍ ထူးချွန်ထက်မြက်သည့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှုပြီးမြောက်စေရန်နှင့် တရုတ်နိုင်ငံသို့ သွားရောက်ပညာတော်သင်ရန်အတွက်ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
