Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal NewsYCDC နှင့် JICA...

YCDC နှင့် JICA ပူးပေါင်း၍ ရေဆိုးသန့်စင်ဇုန် ၁၄ ခု တိုးချဲ့မည်

(Unicode)

YCDC နှင့် JICA ပူးပေါင်း၍ ရေဆိုးသန့်စင်ဇုန် ၁၄ ခု တိုးချဲ့မည်

ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ရေဆိုးသန့်စင် စက်ရုံ၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်နေမှုများမှာ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှုပမာဏ (Biochemical Oxygen Demand – BOD) နှင့် အနည်အဖတ် (Suspended Solids – SS) ပါဝင်မှု၊ ထို့နောက် သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sun dried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေခြင်းတို့ဖြစ်သည်

အဆိုပါ ရေဆိုးသန့်စင်စက်ရုံသည် ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဧရိယာဖြစ်သည့် မြို့တွင်း (၆) မြို့နယ်တွင် နေထိုင်သည့် လူဦးရေ (၃) သိန်းမှ နေ့စဉ် စွန့်ထုတ်သည့် မိလ္လာ ၁၄၇၇၅ ကုဗမီတာအား သန့်စင်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်မှစ၍ မြို့တွင်း (၆) မြို့နယ်မှ ၂၄ လက်မနှင့် ၃၆ လက်မ မိလ္လာပိုက်များဖြင့် ဝင်ရောက်သည့် ရေဆိုးများအပြင် ရေပုပ်စုပ်ယာဉ် အစီး(၁၀၀)ကျော်ဖြင့် သယ်ဆောင်သည့် မိလ္လာရည်များကိုပါ နေ့စဉ် သန့်စင်ပေးလျက်ရှိနေသည်။ လက်ရှိရေဆိုးသန့်စင် စနစ်သည် ရန်ကုန်မြို့လူဦးရေ၏ ၅ ရာခိုင်နှုန်းမျှသာ လွှမ်းခြုံနိုင်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း ရေးဆွဲထားသည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ အနာဂတ်တွင် တိုးတက် လာမည့် လူဦးရေနှင့်အညီ ရေဆိုးသန့်စင်မှုဇုန် (၁၄) ခု ခွဲခြားဆောင်ရွက်သွားမည်ဟုသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ပြင်ပတွင် မြို့သစ်များထပ်မံတိုးချဲ့သည့်အခါ ရေဆိုးသန့်စင်မှု စနစ်များ တိုးချဲ့ဆောင်ရွက်သွားရန် စီမံကိန်း ချမှတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

(Zawgyi)

YCDC ႏွင့္ JICA ပူးေပါင္း၍ ေရဆိုးသန႔္စင္ဇုန္ ၁၄ ခု တိုးခ်ဲ႕မည္

ဗိုလ္တေထာင္ၿမိဳ႕နယ္၊ သန္လ်က္စြန္းရွိ အင္ဂ်င္နီယာဌာန (ေရႏွင့္သန႔္ရွင္းမႈ)၊ ေရဆိုးသန႔္စင္ စက္႐ုံ၏ ေန႔စဥ္ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားမွာ လက္ရွိမိလႅာရည္တြင္ ျဒပ္ဝတၳဳႏွင့္ ပိုးမႊားပါဝင္မႈ၊ မူလေရဆိုး၏ ေအာက္ဆီဂ်င္ပါဝင္မႈပမာဏ (Biochemical Oxygen Demand – BOD) ႏွင့္ အနည္အဖတ္ (Suspended Solids – SS) ပါဝင္မႈ၊ ထို႔ေနာက္ သန႔္စင္ၿပီးေရ အရည္အေသြးႏွင့္ အဖတ္ Sludge ထြက္ရွိမႈ၊ Sludge အား Sun dried Tank တြင္ အေျခာက္ခံ၍ ေျမဩဇာထုတ္လုပ္ေနျခင္းတို႔ျဖစ္သည္

အဆိုပါ ေရဆိုးသန႔္စင္စက္႐ုံသည္ ရန္ကုန္ၿမိဳ႕ မိလႅာႁပြန္စနစ္ ဧရိယာျဖစ္သည့္ ၿမိဳ႕တြင္း (၆) ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ လူဦးေရ (၃) သိန္းမွ ေန႔စဥ္ စြန႔္ထုတ္သည့္ မိလႅာ ၁၄၇၇၅ ကုဗမီတာအား သန႔္စင္ႏိုင္ရန္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၂၀၁၅ခုႏွစ္မွစ၍ ၿမိဳ႕တြင္း (၆) ၿမိဳ႕နယ္မွ ၂၄ လက္မႏွင့္ ၃၆ လက္မ မိလႅာပိုက္မ်ားျဖင့္ ဝင္ေရာက္သည့္ ေရဆိုးမ်ားအျပင္ ေရပုပ္စုပ္ယာဥ္ အစီး(၁၀၀)ေက်ာ္ျဖင့္ သယ္ေဆာင္သည့္ မိလႅာရည္မ်ားကိုပါ ေန႔စဥ္ သန႔္စင္ေပးလ်က္ရွိေနသည္။ လက္ရွိေရဆိုးသန႔္စင္ စနစ္သည္ ရန္ကုန္ၿမိဳ႕လူဦးေရ၏ ၅ ရာခိုင္ႏႈန္းမွ်သာ လႊမ္းၿခဳံႏိုင္သျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီ ႏွင့္ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) တို႔ ပူးေပါင္း ေရးဆြဲထားသည့္ မဟာရန္ကုန္ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး မဟာဗ်ဴဟာစီမံကိန္းအရ အနာဂတ္တြင္ တိုးတက္ လာမည့္ လူဦးေရႏွင့္အညီ ေရဆိုးသန႔္စင္မႈဇုန္ (၁၄) ခု ခြဲျခားေဆာင္႐ြက္သြားမည္ဟုသိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး နယ္နိမိတ္ ျပင္ပတြင္ ၿမိဳ႕သစ္မ်ားထပ္မံတိုးခ်ဲ႕သည့္အခါ ေရဆိုးသန႔္စင္မႈ စနစ္မ်ား တိုးခ်ဲ႕ေဆာင္႐ြက္သြားရန္ စီမံကိန္း ခ်မွတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071