
YBS ယာဉ်လိုင်းအချို့တွင် ခါးပိုက်နှိုက်အန္တရာယ်ကာကွယ်ရန် ယာဉ်မောင်းများမှ မီးအဖွင့်/အပိတ်ဖြင့် အချက်ပြ သ တိ ပေးလာရန်ကုန်မြို့ YBS ယာဉ်လိုင်းအချို့တွင် ခါးပိုက်နှိုက်အန္တရာ ယ် ကာကွယ်ရန် ယာဉ်မောင်းများမှ မီးအဖွင့်/အပိတ်ဖြင့် အ ချက်ပြ သတိပေးခြင်းများရှိလာကြောင်း မြို့တွင်း YBS စီးခရီးသွားများထံက သိရသည်။မြို့တွင်း YBS စီးနင်းသည့် အများပြည်သူအကြား ခါးပိုက် နှိုက်ခံရသည့် အန္တရာယ်မှာ နေ့စဉ်ဖြစ်ပွားလာခြင်းကြောင့် ယာဉ်မောင်းများက ကြိုတင်သတိပေးသည့်အနေဖြင့် ယာဉ်အတွင်းရှိ မီးများကို အဖွင့်/အပိတ်ပြုလုပ်၍ အချက်ပြသ တိပေးခြင်း၊ ကားအဆင်းအတက် နေရာများတွင်လည်း အ သိပေးစာလုံးကြီးများရေးထားသည့် စတေကာများကပ်၍ သတိပေးခြင်းများ လုပ်ဆောင်လာကြကြောင်း သိရသည်။”ဒါမျိုးက ယာဉ်လိုင်းတိုင်းလုပ်သင့်တယ် ၊ ခါးပိုက်နှိုက်ကအမြဲလို ရှိနေတာ။ အဓိက ရုံးဆင်းရုံးတက်ချိန်ဆို သူတို့ ပိုများတယ်။ အချို့ဆို အုပ်စုလိုက်ကို တက်လာတာ” ဟု မြို့ တွင်းခရီးသွားသူတစ်ဦးက ပြောသည်။ထို့်ပြင် YBS စီးနင်းသည့် ခရီးသည်များကိုလည်း ရုံးတက်ရုံးဆင်းချိန်များတွင် ခါးပိုက်နှိုက်မှုများ ပိုမိုများပြားလာခြ င်းကြောင့် အတက်အဆင်း နေရာများတွင် သတိပိုမိုထားရန်၊ YPS ကတ်စနစ်များကို ပိုမိုသုံးစွဲသင့်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူများက သတိပေးနှိုးဆော်ခြင်းများလည်း ရှိနေသည်။
