Thursday, June 11, 2026

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်မည်

 ထိုင်းနှင့် ဗီယက်နမ်တို့သည် ယခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုမေးမြန်းဆွေးနွေးကြမည်

မနက်ဖြန် ဇွန် ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိ ယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅) ခုကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ်...

ပြန်လည်ထူထောင်ရေးလုပ်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က...

ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က အလှူငွေကျပ်သိန်း (၂၀)ကို ယနေ့ ဇွန် ၁၀ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား) အလှူငွေကျပ်သိန်း...

ငလျင်ဒဏ်သင့်အဆောက်အဦးများ စစ်ဆေးရေးသုံး ကိရိယာများကို အိန္ဒိယက...

အိန္ဒိယနိုင်ငံက ရူပီး ၁၇ ဒသမ ၇၅ သန်းကျော်တန်ဖိုးရှိ ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးရာတွင် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများကို ဇွန်...
HomeMoviesYBS ယာဉ်များ CNG...

YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေ တင်ပြရမည်

ဇူလိုင် ၁၀ ရက်မှစတင်၍ CNG ဝယ်ယူခွင့်စာအုပ် မပါရှိသည့် YBS ယာဉ်များအား CNG ဓာတ်ငွေ့ ဖြည့်သွင်းရောင်းချပေးမည်မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် YBS ယာဉ်များအနေဖြင့် သတ်မှတ်ရက်မှစတင်ကာ CNG ဝယ်ယူခွင့်စာအုပ်ကို ယာဉ်နှင့်အတူ ယူဆောင်၍ CNG အရောင်းဆိုင်များတွင် ဓာတ်ငွေ့ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆောင်ရွက်ချက်သည် CNG ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးနှင့် မှတ်တမ်းတကျ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်မည်

 ထိုင်းနှင့် ဗီယက်နမ်တို့သည် ယခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၂၅ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် အင်္ဂါနေ့က ဟနွိုင်းတွင် ကျင်းပသော ဆွေးနွေးပွဲများအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဗီယက်နမ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံ ခရီးစဉ်အပြီးတွင် ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် ဗီယက်နမ်သမ္မတ တိုလမ်ကို တွန်ကင်နန်းတော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ မကြာသေးမီက ဖလှယ်မှုများသည် အလွန်အောင်မြင်ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောကြားခဲ့ကြပြီး ယခင်ဆွေးနွေးမှုများအတွင်း ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုမေးမြန်းဆွေးနွေးကြမည်

မနက်ဖြန် ဇွန် ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိ ယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅) ခုကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးခင်အောင်ဝင်း၊ ပန်းတောင်းမြို့နယ်ကိုယ်စား လှယ်အမှတ်(၂)၊ ဦးကျော်စိုး၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဒေါ်လွယ်လွယ်ဝင်း၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးအောင်စိုးထက်၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးအောင်ကို၊ အုတ်ဖိုမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးသန့်ဇော်မင်း၊ တောင်ငူမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)တို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြယ်ပွင့်ပြမေးခွန်းများအား သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်...

ပြန်လည်ထူထောင်ရေးလုပ်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က အလှူငွေကျပ်သိန်း (၂၀)လှူဒါန်း

ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ချင်းပြည်နယ်အ တွက် မွန်ပြည်နယ်လွှတ်တော်က အလှူငွေကျပ်သိန်း (၂၀)ကို ယနေ့ ဇွန် ၁၀ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား) အလှူငွေကျပ်သိန်း (၂၀)ကို မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒု-ညွှန်ကြားမှူးချုပ်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071