ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ကားများကို သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမြင်မသင့်တယ်သည့် ယာဉ်များကို ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်ရန် ရှိနေသည်ဟု ယာဉ်လိုင်း တာဝန်ရှိသူများထံမှ သိရသည်။
“ဆေးကွာနေတဲ့ ကားတွေ ဆေးပြန်လိုက်ဖို့၊ မော်တော်ယာဉ်တွေ သန့်ရှင်းရေးလုပ်ဖို့ ၊ မြို့တော် အင်္ဂါရပ်နဲ့အညီဖြစ်အောင် ဆောင်ရွက်ဖို့ပေါ့နော်” ဟု ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ(YBPC)၏ ယာဉ်လိုင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
YBS ယာဥ်များအနေဖြင့် မြို့ တော်အင်္ဂါရပ်နှင့်အညီ ယာဥ်များသန့်ရှင်းလှပအောင် ( ခေါင်မိုးအပါ) ရေဆေး ဆောင်ရွက်ရန်နှင့် ယာဥ်ကိုယ်ထည်ဆေးရောင်များကွာနေပါက ဆေးသုတ်ခြင်းများ ဆောင်ရွက်ထားမှသာလျှင် ဂိတ်ဖွင့် ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်းလည်း YRTCဘက်ကလည်း ပြောကြားထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS များသည် ပျ-က်စီးယိုယွင်းမှုများရှိလာနေပြီဖြစ်ပြီး ယာဉ်တိုင်းတွင် လေအေးပေးစက် (aircon) မဖွင့်ပေးနိုင်တော့ခြင်း၊ ကားအတွင်းခန်းများ ညစ်ပေလာခြင်း၊ ခုံများပျ-က်စီးခြင်းများလည်း ရှိလာနေခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့တွင် နေ့စဉ် YBS ကားစီးရေပေါင်း သုံးထောင်ကျော်ပြေးဆွဲပေးနေပြီး စီးနင်းသူ ၁၄ သိန်းနီးပါးရှိကြောင်းလည်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ထံမှလည်း သိထားရသည်။
