Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeCelebrities' NewsY.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက်...

Y.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူမည်

Y.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူမည်

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ကျီစုစက်မှုဇုန်၊ကနောင်မင်းသားကြီးလမ်းရှိ ကိုရီးယားအထည်ချုပ်စက်ရုံဖြစ်သည့် Yangon Pan- Pacific International Co., LTD.( Y. P. I )မှ အ သက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် လိုင်းအသစ်များထပ်မံတိုးချဲ့မည်ဖြစ်၍ လခစားဝန်ထမ်းများအ ဖြစ်ဝင်ရောက်လုပ်ကိုင်ရန် စက်ရုံမှတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ကာ လာရောက်လျှောက်ထားသူများအနေဖြင့် အလုပ်လျှောက်လွှာဖောင်ယူဆောင်လာရန်မလိုအပ်ကြောင်း သိရသည်။

စက်ချုပ်ကျွမ်းကျင်၊စက်ချုပ်ခေါင်းဆောင်၊ကြီး ကြပ်ရေးမှူး၊ကြီးကြပ်ရေးမှူးခေါင်းဆောင်၊ QC ၊ QA ၊ CAD နှင့် Pattern နေရာများ၌ ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။

အလုပ်လျှောက်ထားရာတွင် မှတ်ပုံတင်မူရင်း၊နှင့်မိတ္တူ၊လိုင်စင်ဓာတ်ပုံ ၂ ပုံယူဆောင်လာရမည်ဖြစ်ကာ လာရောက်လျှောက်ထားသည့်ရက်တွင် လူတွေ့စစ်ဆေးမှုချက်ခြင်းဖြေဆို၍ အောင်မြင်ပါက နောက်ရက်တွင်အလုပ်စတင်ဆင်းနိုင်မည်ဖြစ် သည်။လူတွေ့စစ်ဆေးခြင်းအား နေ့စဥ်နံနက် ၈ နာရီမှစတင်ပြုလုပ်သွားမည်ဖြစ်သည်။

လူတွေ့စစ်ဆေးရာတွင် စစ်ဆေးခံမည့်သူ ၁၀ ဦးအထက်ရှိပါက စက်ရုံမှကားစီစဥ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝန်ထမ်းများခေါ်ယူရာတွင် မည်သည့်ဖောင်ကြေးမျှပေးသွင်းရန်မလိုအပ်ဘဲ အခြေခံလစာအဖြစ် Helper တစ်ဦးလျင် ၅၂၀၀ ကျပ်မှစတင်ပေးသွားမည်ဖြစ်ပြီး Operator လစာများမှာ ကျွမ်းကျင်မှုအလိုက်ပိုမိုများပြားမည်ဖြစ်ကာ စ နေနေ့တစ်ဝက်၊တနင်္ဂနွေနေ့နှင့်အစိုးရရုံးပိတ်ရက်များ၌ စက်ရုံပိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းများအားလုံးအတွက် စက်ရုံကြို/ပို့ကားရှိကာ ဆရာဝန်၊သူနာပြုတစ်ဦးအား ဝန် ထမ်းများ၏ကျန်းမာရေးအတွက် အချိန်ပြည့်ထားရှိပေးပြီး အခမဲ့ဆေးကုသမှုပေးခြင်း၊အ တော်ဆုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊လူမှု ဖူလုံရေးအကျိုးခံစားခွင့်ပေးခြင်း၊နှစ်စဉ်လုပ် သက်ဆုကြေးနှင့်သင်္ကြန်ကာလဆုကြေးများအား ခံစားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Y.P.I အထည်ချုပ်စက်ရုံသည် မြန်မာနိုင် ငံ၌ ၂၂ နှစ်ကျော်ကြာဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် ကိုရီးယားအထည်ချုပ်စက်ရုံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071