Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' NewsY.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက်...

Y.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူမည်

Y.P.I ကိုရီးယားအထည်ချုပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူမည်

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ကျီစုစက်မှုဇုန်၊ကနောင်မင်းသားကြီးလမ်းရှိ ကိုရီးယားအထည်ချုပ်စက်ရုံဖြစ်သည့် Yangon Pan- Pacific International Co., LTD.( Y. P. I )မှ အ သက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသမီးဝန်ထမ်းအယောက် ၆၀၀ ကျော်ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် လိုင်းအသစ်များထပ်မံတိုးချဲ့မည်ဖြစ်၍ လခစားဝန်ထမ်းများအ ဖြစ်ဝင်ရောက်လုပ်ကိုင်ရန် စက်ရုံမှတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ကာ လာရောက်လျှောက်ထားသူများအနေဖြင့် အလုပ်လျှောက်လွှာဖောင်ယူဆောင်လာရန်မလိုအပ်ကြောင်း သိရသည်။

စက်ချုပ်ကျွမ်းကျင်၊စက်ချုပ်ခေါင်းဆောင်၊ကြီး ကြပ်ရေးမှူး၊ကြီးကြပ်ရေးမှူးခေါင်းဆောင်၊ QC ၊ QA ၊ CAD နှင့် Pattern နေရာများ၌ ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။

အလုပ်လျှောက်ထားရာတွင် မှတ်ပုံတင်မူရင်း၊နှင့်မိတ္တူ၊လိုင်စင်ဓာတ်ပုံ ၂ ပုံယူဆောင်လာရမည်ဖြစ်ကာ လာရောက်လျှောက်ထားသည့်ရက်တွင် လူတွေ့စစ်ဆေးမှုချက်ခြင်းဖြေဆို၍ အောင်မြင်ပါက နောက်ရက်တွင်အလုပ်စတင်ဆင်းနိုင်မည်ဖြစ် သည်။လူတွေ့စစ်ဆေးခြင်းအား နေ့စဥ်နံနက် ၈ နာရီမှစတင်ပြုလုပ်သွားမည်ဖြစ်သည်။

လူတွေ့စစ်ဆေးရာတွင် စစ်ဆေးခံမည့်သူ ၁၀ ဦးအထက်ရှိပါက စက်ရုံမှကားစီစဥ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝန်ထမ်းများခေါ်ယူရာတွင် မည်သည့်ဖောင်ကြေးမျှပေးသွင်းရန်မလိုအပ်ဘဲ အခြေခံလစာအဖြစ် Helper တစ်ဦးလျင် ၅၂၀၀ ကျပ်မှစတင်ပေးသွားမည်ဖြစ်ပြီး Operator လစာများမှာ ကျွမ်းကျင်မှုအလိုက်ပိုမိုများပြားမည်ဖြစ်ကာ စ နေနေ့တစ်ဝက်၊တနင်္ဂနွေနေ့နှင့်အစိုးရရုံးပိတ်ရက်များ၌ စက်ရုံပိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းများအားလုံးအတွက် စက်ရုံကြို/ပို့ကားရှိကာ ဆရာဝန်၊သူနာပြုတစ်ဦးအား ဝန် ထမ်းများ၏ကျန်းမာရေးအတွက် အချိန်ပြည့်ထားရှိပေးပြီး အခမဲ့ဆေးကုသမှုပေးခြင်း၊အ တော်ဆုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊လူမှု ဖူလုံရေးအကျိုးခံစားခွင့်ပေးခြင်း၊နှစ်စဉ်လုပ် သက်ဆုကြေးနှင့်သင်္ကြန်ကာလဆုကြေးများအား ခံစားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Y.P.I အထည်ချုပ်စက်ရုံသည် မြန်မာနိုင် ငံ၌ ၂၂ နှစ်ကျော်ကြာဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် ကိုရီးယားအထည်ချုပ်စက်ရုံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071