မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့ လူမှုအကျိုးပြု CSR အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ (၂၄)ရက်နေ့က ရန်ကုန်မြို့ရှိ၊ Pan Pacific Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစီအစဉ်များကို ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နဲ့ ပူပေါင်းပြီး သင်တန်းပို့ချသူ Trainer မဝေဖူးရဲ့ ပံ့ပိုးမှုနဲ့ အမြင်အာရုံမသန်စွမ်းသူများအတွက် လက်တွေ့သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါတယ်။
ပထမအကြိမ်သင်တန်းကို သင်တန်းသား(၃၀)ဦး ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းသားများအား လက်ကိုင်ဖုန်းသုံးရာတွင် ပိုမိုလွယ်ကူစေပြီး နှံ့စပ်ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ Apple Device များတွင်ပါဝင်သော အခြေခံအသုံးပြုမှုဆိုင်ရာ Gesture (Voice -over ,Siri ,Accessibility Shortcuts နဲ့ Control Center) များကို စိတ်ကြိုက်ပြင်ဆင်အသုံးပြုခြင်း၊ အဆင့်မြင့် AIအကူအညီဖြင့် Navigation အသုံးပြုခြင်းနဲ့ iMovie အသုံးပြု၍ ဆန်းသစ်သော ဗီဒီယ်ိုများပြုလုပ်/တည်းဖြတ်ခြင်း စတဲ့အကြောင်းအရာများကို အဓိကထား သင်ကြားပေးခဲ့ပါတယ်။
XtraSure အနေနဲ့ “ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်ကနေတစ်ဆင့် အမြင်အာရုံမသန်စွမ်းသူတွေအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေကို ပိုပြီးလက်လှမ်းမီစေဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။ ရှေ့ဆက်ပြီးလည်း XtraSure က ဝယ်ယူသူတိုင်းကို အရည်အသွေးပြည့်ဝပြီး စစ်မှန်တဲ့ Apple Experience တွေ ပေးအပ်သွားမယ့်အပြင် မြန်မာ့လူမှုအသိုက်အဝန်းအတွက် အကျိုးရှိမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
#XtraSure#ကောင်းသောနေ့များဆီသို့#CSR#AppleAuthorizedReseller#DigitalInclusion#Accessibility#TowardsBetterDays#DigitalLiteracy
