WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဥ် WHO ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando အနေဖြင့် မြန်မာနိုင်ငံ ၌ တာဝန်ထမ်းဆောင်ချိန်အတွင်း မြန်မာနိုင်ငံနှင့် WHO ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် WHO မှဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေး နွေးခဲ့ကြသည်။
WHO ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dr. Thushara Fernando သည် မြန်မာနိုင်ငံ၌ တာဝန်ထမ်း ဆောင်မှုပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည်ဖြစ် သည်။
