အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမင်းထွန်း သည် “Walk for Peace” သံဃာတော်များအား သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
“Walk for Peace” သံဃာတော်များ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် ဒီစီသို့ ရောက်ရှိစဉ် (ဖေဖော်ဝါရီ ၁၁)က သွားရောက်ဖူးမြှော်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ အေးချမ်းသာယာဝပြောရေးအတွက် ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရ (Venerable Bhikkhu Paññākāra) ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး (Walk for Peace) သည် ကမ္ဘာ့ငြိမ်းချမ်းရေး မြှင့်တင်ရေးအတွက် သံယာတော်များက ၂၆-၁၀-၂၀၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ စတင်၍ မိုင်ပေါင်း (၂၃၀၀)ခန့် လျှောက်လှမ်းခဲ့ခြင်းဖြစ်ပြီး၊ မြို့တော်ဝါရှင်တန်ဒီစီတွင် ခရီးစဉ်ပြီးဆုံးခဲ့ပြီ ဖြစ်သည်။