ကိုရိးယားမင်းသား Park Bo Gum နဲ့ ရိုက်ကူးတဲ့ Vogue Taiwan မဂ္ဂဇင်း ဟာ ဖြန့်ချီပြီး တစ်ရက်အတွင်းမှာ အားလုံး ရောင်းကုန်သွားပါတယ်။ Blossoom Entertainment ရဲ့ ထုတ်ပြန်ချက်အရ မင်းသားကာဗာရိုက်ကူးထားတဲ့ ဖေဖော်ဝါရီ မဂ္ဂဇင်းဟာ စာအုပ်ရေ ၈၇၀၀၀ ကျော်ထုတ်ဝေထားပြီး အားလုံးကုန်သွားခဲ့ပါတယ်။ “Vogue Taiwan” မဂ္ဂဇင်းရဲ့ ၂၁ နှစ်ပြည့် နှစ်ပတ်လည်ကို မင်းသား Park Bo Gum နဲ့ ရိုက်ကူးဖို့ ဖိတ်ခေါ်ခဲ့လို့ Blossom Entertainment အနေနဲ့ တအားကို ပျော်ရွှင်ခဲ့ပြီး ဖြန့်ချီခဲ့ပြီး ပထမရက်မှာပဲ စာအုပ်အားလုံး ရောင်းကုန်သွားလို့လည်း တကယ်ကို အံ့အားသင့်နေတယ်လို့ သိရပါတယ်။ မင်းသားဟာ မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီ ၁ရက်နေ့မှာ ပရိသတ်နဲ့ တွေ့ဆုံပွဲရှိပါတယ်။
Vogue Taiwan အတွက် ကာဗာရိုက်ကူးခဲ့တဲ့ Park Bo Gum
