Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeInternationalVivo သည်စျေးသက်သာပြီးပေါ့ပါးသောဗီအာရ် headset...

Vivo သည်စျေးသက်သာပြီးပေါ့ပါးသောဗီအာရ် headset ကိုထုတ်လုပ်

ဩဂုတ် ၂၄

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo သည် အက်ပဲလ် ဗီရှင်းပရို၏ အမည်၊ ဒီဇိုင်းနှင့် အင်တာဖေ့စ်နှင့် ဆင်တူသည့် headset ကိုထုတ်ပြခဲ့သည်။ ဂူဂယ် headset ၏ အလေးချိန်ထက် ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းပြီး ကုန်ကျစရိတ် သည်လည်းသုံးပုံတစ်ပုံခန့် သာကုန်ကျဖွယ်ရှိသည်။

Vivo ဗီးရှင်း သည် အက်ပဲလ်ဂက်ဂျက်နှင့် ဆင်တူကြောင်း ကို Vivo ၏ ဝဘ်ဆိုဒ်တွင် ကြာသပတေးနေ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

Headset တွင် pixel ၃၈၄၀ နှင့် ၃၅၅၂ ရှိသော ပုံရိပ်ကြည်လင်ပြတ်သားမှသည့် ဒိုင်အုဒ် ဖန်သားပြင် နှစ်ခုပါရှိပြီး 8K resolution ကိုပေးစွမ်းနိုင်သည်။ ထုတ်ကုန်ကို ကွာလ်ကွန် (Qualcomm) ၏ စနပ်ဒရာဂွန် အိတ်စ်အာ၂ ပလပ်စ် ဂျန်နရေးရှင်း ၂ ပလက်ဖောင်းကို အသုံးပြုထားသည်။ ၎င်းသည် ၎င်း၏ယခင်မျိုးဆက်များနှင့် နှိုင်းယှဉ်ပါက ဂရပ်ဖစ်လုပ်ဆောင်မှုအကြိမ်ရေ ၁၅ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ကုမ္ပဏီမှ သိရသည်။

Headset တွင် သိုင်းကြိုး နှစ်မျိုးပါရှိသည်။ အဆိုပါ headset သည် Vivo ဖုန်းအချို့နှင့် Windows 10 သို့မဟုတ် သူ့ထက်နိမ့်သော ဗားရှင်းများကို အသုံးပြုသည့် ကွန်ပျူတာများနှင့်သာ အလုပ်လုပ်ပါသည်။

မတ်လတွင် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၌ အဆိုပါ headset ကို ပြသမိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့ ကြေငြာချက်တွင် ထွက်ရှိမည့်ရက်နှင့် ဈေးနှုန်းကို မဖော်ပြထားသော်လည်း ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန်ကျန်းအပါအဝင် တရုတ်မြို့ကြီး ၁၂ မြို့ရှိ အချို့သော စတိုးဆိုင်များတွင် သရုပ်ပြမှုများ ပြုလုပ်၍ သုံးစွဲသူများကို ဖိတ်ခေါ်ထားသည်။

Vivo မှ စီအိုအို ဖြစ်သူ ဟူဘိုင်ရှမ် သည် ယခုသီတင်းပတ် အစောပိုင်းတွင် တရုတ်မီဒီယာသို့ ပြောကြားရာတွင် ဈေးနှုန်းသည် အကြမ်းဖျင်း ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၃၉၃) သို့မဟုတ် ယင်းထက်လျော့နည်း၍ကုန်ကျသွားနိုင်ကြောင်း ပြောကြားခဲ့ရာ အနည်းဆုံး ယွမ် ၂၉,၉၉၉ ကုန်ကျ သော အက်ပဲလ် ၏ထုတ်ကုန်ကို ခြိမ်းခြောက်လာပြီ ဖြစ်သည်။

ဒုတိယသုံးလပတ်တွင် အက်ပဲလ်သည် စျေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းဖြင့် ပြည်မကြီးစမတ်ဖုန်းတင်ပို့မှုတွင် ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း ကနယ်လစ်မှ သိရသည်။ Huawei နှင့် Vivo တို့ သည် ထိပ်ဆုံးမှ စာရင်းဝင်ခဲ့သည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071