လက်နက်ကိရိယာများထောက်ပံပေးတော့မဟုတ်ကြောင်း UWSA ပြော
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်(MNDAA) ၊ တအောင်းတပ်(TNLA) နှင့် ရှမ်းတပ် -SSPP တို့ ပန်းဆန်းမြို့မှာတွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး မည်သည့်လက်နက်ကိရိယာကိုမျှပံပိုးပေးတောမည်မဟုတ်ကြောင်း UWSA ကကြေညာခဲ့ကြောင်းကို ယနေ့ ဩဂုတ် (၂၀)ရက်နေ့မှာ WSTV ကနေ ထုတ်ပြန်ကြောင်း သိရသည်။
UWSA အနေဖြင့် စစ်ဆေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမည်သည့်အကြောင်းပြချက် အချိန်မရွေး၊ မည်သည့်နေရာရာ၌ဖြစ်စေ ငွေကြေးအကူညီပေးမဟုတ်ကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက်များကိုလည်း အများပြည်သူသို့တရားဝင် ကြေညာမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်နက်နှင့်စက်ကိရိယာများ၊ငွေကြေးအကူညီများ သို့မဟုတ် အခြားထိုကဲ့သို့ ကိစ္စရပ်များကို တောင်းဆိုခြင်းများမလုပ်ဆောင်ကြရန်လည်း တိုက်တွန်းကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲလုံးက အကြီးတန်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး “ဝ” တပ် – UWSA ဘက်မှလည်း ၎င်းရဲ့ တရားဝင်စစ်ရေး ဆုံးဖြတ်ချက်တွေကို ကိုယ်စားလှယ်အဖွဲတွေအား ကြေငြာခဲ့ကြောင်း သိရသည်။
“ဝ”ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲဝင် အစိုးရဒုတိယ ဥက္ကဌ, ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ ရှမ်းတပ်မတော်တိုကို လက်ရှိစစ်ပွဲနဲ့ မငြိမ်မသက်မှု ကိစ္စရပ်အားဦးစွာ အသိပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ရှိ အကြီးတန်း ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြပြီး “ဝ” တပ် (UWSA)ဘက်မှလည်း၎င်းရဲ့တရား ဝင်စစ်ရေး ဆုံးဖြတ်ချက်တွေကို ကိုယ် စားလှယ်အဖွဲ့တို့အား ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုဥက္ကဌ Zhao Guoan က “ဤအလွန်အရေးကြီးသော အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ညီအကို အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါသည်။ သိသာထင်ရှားသော “ဝ” ပြည်နယ်၏ ဆုံးဖြတ်ချက်ကို အသိပေးရန် ဆောင်
ရွက်ပေးခြင်း ဖြစ်ပါသည်။ ဤအရေး ကြီးဆုံးဖြတ်ချက်ကို တရားဝင်မကြေငြာမှီတွင် “ဝ” ပြည်နယ်ဘက်မှ ညီအကိုမောင်နှမများကိုယ်စား “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါသည်။ “ဝ” ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်”ဟု ဆိုထားသည်။
ယင်းပြောပြောကြားချက်အပေါ် မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ပလောင် ပြည် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)တို့၏ကိုယ်စားလှယ်များကလည်း နားလည်သဘောပေါက်ကြောင်း ဖော်ပြခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တိုမှ ကိုယ်စားလှယ်တွေ အနေနဲ့လည်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်နဲ့ စပ်လျဉ်ပြီး အဖွဲ (၃) ဖွဲလုံးက “ဝ” ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကိုနားလည် သဘောပေါက်ကြောင်း ဖော်ပြခဲ့ကြောင်းလည်း သိရသည်။
