Thursday, April 30, 2026

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
HomeNewsLocal NewsUWSAက သုံးနှစ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား...

UWSAက သုံးနှစ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား နိုင်ငံတော်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ဟု ဆို

UWSAက သုံးနှစ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများအား နိုင်ငံတော်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ဟု ဆို

၂၀၁၉-၂၀၂၂ ခုနှစ် သုံးနှစ်တာကာလအတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအပါအဝင် လက်နက်ခဲယမ်းများကို နိုင်ငံတော်အစိုးရသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း UWSA၏ ဝ ပြည်တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံ ဦးစံသိန်းက ပြောသည်။

“ကျွန်တော်တို့ ဒီသုံးနှစ်တာမှာဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကို နိုင်ငံတော်အစိုးရဆီကို လွဲပြောင်းပေးအပ်ခဲ့တာပါ။အရင်အစိုးရလက်ထက်တုန်းကလည်း လွှဲပေးခဲ့ပါတယ်”ဟု ဦးစံသိန်းက ဆိုသည်။

ယမန်နေ့ ဇွန် ၂၆ရက်က ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့၌ ဝ ပြည်တောင်ပိုင်း (၁၇၁)စစ်ဒေသအတွင်း ၂၀၁၉-၂၀၂၂ အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး သည့်အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအားမီးရှို့ဖျက်စီးသည့် အခမ်းအနားအား ဇွန် ၂၆ ရက် နံနက်ပိုင်း၌ ရှမ်းပြည်နယ် အရှေ့ပိုင်း(မိုင်းဆတ် ခရိုင်)မိုင်းတုံမြို့နယ်၊ဟွေအောမြို့နယ်ရုံး ကွင်းပြင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်များ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားအား နှစ်စဉ်ပုံမှန် ပြုလုပ်ခဲ့သော်လည်း ကိုဗစ် ၁၉ကပ်ရောဂါကာလများဖြစ်သည့် ၂၀၁၉ခုနှစ်မှ စတင်ကာ ခေတ္တရပ်နားထားပြီး ယခုနှစ်မှ ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၉ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်အတွင်း စိတ်ကြွဆေးပြား(၁၁၃၆၆၁၄၂)ပြား၊ရေခဲ (၉၀) ထုတ်၊ဘိန်းမဲ (၅၅)ကီလိုဂရမ်၊ကဖင်းမှုန့် (၁)ပုလင်း၊နှင်း (၁)ဂရမ်၊ကဖင်းမှုန့် (၉၀)ထုတ်၊လိမ္မော်အနံ့ဆေးရည် (၄၀)ပုလင်း၊မော်လိကျင်အရည် (၈၆)ပုလင်း၊ကော်မှုန့် (၅၆)ထုတ်၊ဖန်စီဒိုင်း (၆၀၃)ပုလင်း၊ပန်းရေညင်း မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်း (၅)ထုတ်၊မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ဘတ်၊ တရုတ် ယွမ်ငွေ ၃၀၉.၁ယွမ်၊ကျပ်ငွေ ၃၇၀၆၀၀ကျပ်၊ဖုန်း (၅၉)လုံး၊နာရီ (၅)လုံးAK 47 -(၃)လက်၊ကျည်ဆံ (၁၈၉)ခု၊တူမီး (၂)လက်၊၄၀M ဗုံးပစ် လောင်ချာ (၁)လုံး၊ဗုံးသီး (၁၅)လုံး၊equipments(၂)ခု၊၁၃ MM ပစ္စတို (၂)လက်၊ကျည်ဆန် (၁၀)တောင့်၊၉MM -၂လက်၊ကျည်ဆန် (၅၄)တောင့်၊M 16-၂လက်၊ကျည်ဆန် (၁၈၁)တောင့်၊ကျည်ကတ် (၃)ခု၊AK 47 -၂လက်၊ကျည်ဆံ (၁၀၀)တောင့်၊ဓာတ်မီး (၄၂)တောင့်၊ကားငယ် (၁၂)စီး၊ဆိုင်ကယ် (၁၁)စီး၊ လမ်းလျှောက်စကားပြောစက် (၉)လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၁၉)ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၃)ဦး ရှိကာ သက်ဆိုင်ရာသို့ (၈)ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများသည် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊ မျိုးရိုးစဉ်ဆက် ဒုက္ခပေးသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ရန် သံန္နိဌာန်အခိုင်အမာချမှတ်ထားသည်ဟု စစ်ဒေသ(၁၇၁)ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်မှလည်း အခမ်းအနားအတွင်းပြောကြားခဲ့သည်။

ယင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စစ်ဒေသ (၁၇၁)မှ ဒု-စစ်ဒေသမှူး ဦးကျလောဘိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။ ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071