Sunday, September 20, 2026

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...
HomeNewsLocal NewsUSDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်...

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။

USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟု USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။

ထို့ပြင် စီမံချက်တိုင်းသည် မူဝါဒကောင်းသော်လည်း အကောင်အထည်ဖော်နိုင်မှုအပိုင်းတွင် ချို့ယွင်းအား နည်းချက်များရှိတတ်သဖြင့် လုပ်ငန်းအစီအမံတစ်ခုချင်းစီကို စစ်ဆေးကြပ်မတ်ရန် KPI ” အောင်မြင်မှုတိုင်းတာချက်”တွေကို အမှတ်ပေးစနစ်နှင့် စနစ်တကျ အောင်မြင်အောင် အလေးထား စိစစ်တွန်းအားပေး ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အနာဂတ်ခရီးအတွက်ပြင်ဆင်ဆောင် ရွက်ထားကြပြီးဖြစ်ရာ ပိုမိုခိုင်မာ ပြည်မြန်မာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကောင်းသောအနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် ရင်ဆိုင်ကျော်လွှားကြရန်စုပေါင်း သံန္နိဋ္ဌာန်ချမှတ်ရမည်ဟု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ် ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "လွန်ခဲ့တဲ့(၅)နှစ်တာကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင် ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာပါ။ လူငယ်တွေနဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကိုအရည်အချင်း၊ အရည်အသွေးလိုက်ရွေးထုတ်ပြီး နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071