နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှဝင်ရောက်ယှက်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယနေ့ ဇန်နဝါရီ ၂ ရက် က ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၄/၂၀၂၆) အရ သိရသည်။
UEC မှ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာချက်များအရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ မဲဆန္ဒနယ် (၈) ခုတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီအပါအဝင် USDP ကိုယ်စားလှယ်လောင်းများအားလုံးသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်ရှိ မြို့နယ် (၅) ခုတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော USDP ပါတီမှကိုယ်စားလှယ်လောင်း (၅) ဦးသည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့အတူ ကယားပြည်နယ်မှ USDP ပါတီ ကိုယ်စားလှယ်လောင်း (၂) ဦး၊ ကရင်ပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်း (၃) ဦး၊ ချင်းပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်း (၂) ဦး၊ မွန်ပြည်နယ်မှ USDP ပါတီကိုယ်စားလှယ်လောင်း (၄) ဦးတို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
မွန်ပြည်နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ချောင်းဆုံမြို့နယ်မှဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးလည်းရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။