ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)မှ ပါတီ၏ ဦးစီးရုံးအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊တိုင်းနှင့်ပြည်နယ်အသီးသီးမှ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တရောက်ရှိနေသည့် မိသားစုဝင်များအား သက်သာချောင်ချိရေးဆန်များကို စက်တင်ဘာ ၇ ရက်နေ့လည် ၃ နာရီခွဲက ပါတီဌာနချုပ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သက်သာချောင်ချိရေးဆန်များကို USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီတက်ရောက်၍ ဆန်များထောက်ပံ့ပေးရခြင်းကိုရှင်းလင်းပြောကြားပြီးနောက် သက်သာချောင်ချိရေးဆန်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


