ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။
ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဥ် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခြေခံလူတန်းစားတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင် USDP ပါတီကဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ကတိသစ္စာပြုပါတယ်”ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိရာ USDP ပါတီအနေဖြင့် နိုင်ငံတော်၏ကာကွယ်ရေးအင်အားစုများနှင့်ပူးပေါင်းကာ နိုင်ငံတော်ကို တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာအောင် ဦးစွာဆောင်ရွက်သွားမည်ကိုလည်း ကတိသစ္စာပြုသည်ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
ထို့နောက် USDP ပါတီ၏ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှလည်း မိတ်ဆက်စကားများပြောကြားခဲ့ကြသည်။
