အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID) ကို အင်္ဂါနေ့တွင် တရားဝင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကို အမေရိကန်သမ္မတဟောင်း ဘားရက်ကိုဘားမားနှင့် ဂျော့ဒဗလျူဘုရှ်တို့က ဝေဖန်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် USAID ကို အင်္ဂါနေ့မှစကာ အမေရိကနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေါင်းစည်းသွားမည်ဖြစ်သည်။
အမေရိက နိုင်ငံခြားရေးဌာန၏ အစောပိုင်း သတင်းထုတ်ပြန်ချက်တစ်ခုအရ USAID ကို ပြန်လည်ဖွဲ့စည်းရာတွင် အချို့သော USAID လုပ်ငန်းဆောင်တာများကို အင်္ဂါနေ့တွင် နိုင်ငံခြားရေးဌာနနှင့် ပြန်လည်ချိန်ညှိပေးခြင်းတို့ ပါဝင်သည်။ လက်ရှိ သမ္မတဒေါ်နယ်ထရမ့်ပ်၏ မူဝါဒဦးစားပေးမှုများနှင့် မကိုက်ညီသော အခြား USAID လုပ်ငန်းများမှာမူ ရပ်စဲသွားမည်ဖြစ်သည်။
သီးခြားထုတ်ပြန်ချက်များတွင် ထရမ့်ပ်အစိုးရအဖွဲ့၏ USAID ကို ဖျက်သိမ်းခြင်းသည် ကြီးမားသောအမှားဟု အိုဘားမားက မှတ်ချက်ပြု ပြောကြားခဲ့ပြီး ဘုရှ်က အမေရိက၏ နိုင်ငံခြားအကူအညီများစွာကဲ့သို့ အနာဂတ်မရေမရာဖြစ်ရသော AIDS ပြန်လည်ထူထောင်ရေးပရိုဂရမ်ကို ထောက်ပြပြောဆိုခဲ့သည်။
ထရမ့်ပ်ကမူ USAID ကို ခပ်ကြောင်ကြောင်လူတစ်စုက လုပ်ကိုင်နေခြင်းဟု ဝေဖန်ထားခဲ့သည်။ Ref: ရှင်းဟွာ
