Sunday, July 13, 2025

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း...

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...
HomeInternationalUSAID ကိုပိတ်သိမ်းလိုက်ကြောင်း အီလွန်မတ်စ်သတင်းထုတ်ပြန်

USAID ကိုပိတ်သိမ်းလိုက်ကြောင်း အီလွန်မတ်စ်သတင်းထုတ်ပြန်

အမေရိကန်အစိုးရထိရောက်မှုရှိရေးဆိုင်ရာဌာန(DOGE) ၏ အကြီးအကဲ အီလွန်မတ်စ်က အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)ကို ဖျက်သိမ်းရေးလုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဒါကိုပိတ်သိမ်းနေပါတယ်” ဟု မတ်စ်ကသူ့၏ X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ယင်းအဖွဲ့အစည်းကိုပြန်လည်မတည်ဆောက်သင့်ကြောင်းကိုလည်း မတ်စ်ကပြောကြားခဲ့သည်။ “ကျွန်တော်တို့မှာရှိနေတာက ပိုးတွေလောက်တွေ ရောနှောနေအလုံးကြီးပါပဲ။ ဒါကိုလုံးဝဖျက်ပစ်ရမယ်။ ဒါကပြင်လို့မရတော့ဘူး” ဟုသူကထပ်လောင်းပြောကြားခဲ့သည်။

USAIDသည် ဇီဝလက်နက်များဖွံ့ဖြိုးတိုးတက်ရေးအတွက်ငွေကြေးထောက်ပံ့ပေးနေကြောင်း မတ်စ်က ယခင်ကပင်လျှင် ပြောခဲ့ဖူးသည်။

မတ်စ် ဦးစီးသော DOGE ဌာန နှင့်အငြင်းပွားမှုကြောင့် USAID လုံခြုံရေးမန်နေဂျာနှစ်ဦးကို စီမံခန့်ခွဲမှုများပြုလုပ်ခွင့် ရုပ်သိမ်းခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ AP သတင်းဌာနက သတင်းရေးသားခဲ့သည်။ အဆိုပါ အနားပေးခံရသူနှစ်ဦးက သူတို့သည် မက်စ်၏အေဂျင်စီသို့လျှို့ဝှက်စာရွက်စာတမ်းများကိုမပေးခဲ့ကြကြောင်း ငြင်းဆိုကြသည်။

ဇန်နဝါရီလကုန်ပိုင်းက NBC သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ USAID ဝန်ထမ်း ၅၀ ကျော်ကိုလည်း အလားတူပင် စီမံခန့်ခွဲမှုများပြုလုပ်ခွင့်ရုပ်သိမ်းခဲ့ပြီး၊ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း လစာနှင့်အကျိုးခံစားခွင့်များကိုဆက်လက်ခံစားစေခဲ့သည်။

ဤဆုံးဖြတ်ချက်များကို USAID အား ဌာနတွင်း စာရင်းစစ်ဆေးမှုအပြီးတွင်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီ၏ယာယီအုပ်ချုပ်ရေးမှူးအသစ် ဂျေဆန်ဂရေးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့ဒေသခံများသည် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင် ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများလည်း ပိုမိုလွယ်ကူလျင်မြန်လာသဖြင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးသင့် မြို့/ရွာများတွင်နေထိုင်သူများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီး မြင့်မှုတို့လည်း...

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071