နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ဇူလိုင် ၁၇ ရက်က မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးစီး၍ ပြည်လည်ထွက်ခွာမည့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ မြန်မာ နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အားလက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် Ms. Sara Austin Netzer အနေဖြင့် မြန်မာ နိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံနှင့် UNOPS တို့ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ UNOPS မှဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
