Tuesday, June 23, 2026

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏...

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန်...

BRI နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ်က ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရေးသည် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအတွက်...

ယူနန်အနောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ချိတ်ဆက်ထားသည့် မဟာဗျူဟာမြောက်...

ပေါက်ရှမ်းနှင့် တိန်ချုံး — တရုတ်-မြန်မာ ချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသော ဆုံချက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့၏ ဆက်ဆံရေးသည် ရှေးဟောင်းတောင်ပိုင်းပိုးလမ်းမကြီးခေတ်မှ စတင်ခဲ့သည့်...
HomeMoviesUNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ်...

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက် အဖွဲ့ဝင်သက်တမ်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရန် ကမ္ဘောဒီးယား ပြင်ဆင်

ဖနောင်ပင်၊ ဇွန် ၂၂

ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

UNESCO ဆိုင်ရာ ကမ္ဘောဒီးယားအမျိုးသားကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဖျောင်း ဆာကိုနာသည် ပါရီမြို့တွင် UNESCO ညွှန်ကြားရေးမှူးချုပ် ခါလက် အယ်လ်-အီနာနီနှင့် တွေ့ဆုံ၍ အထိမ်းအမှတ်အခမ်းအနားဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက် အထွေထွေညီလာခံ ဘေးပန်းအစည်းအဝေးအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် UNESCO ညွှန်ကြားရေးမှူးချုပ်၏ ရှေ့လာမည့် ကမ္ဘောဒီးယားနိုင်ငံ တရားဝင်ခရီးစဉ်နှင့်ပတ်သက်သည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီး ဆာကိုနာက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံ၏ ဒြပ်ရှိနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန် ဆက်လက်ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

UNESCO ညွှန်ကြားရေးမှူးချုပ် အယ်လ်-အီနာနီကလည်း ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် တင်းမာမှုများ ဖြစ်ပွားနေသည့်ကာလတွင် ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံများအကြား အပြန်အလှန်နားလည်မှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အရေးပါသည့် ပေါင်းကူးတံတားတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သံတမန်ရေးရာ ကြိုးပမ်းမှုများသည် ကမ္ဘောဒီးယားနိုင်ငံက UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရချင်းအဖွဲ့အစည်း ကော်မတီတွင် ၂၀၂၆-၂၀၃၀ သက်တမ်းအတွက် အဖွဲ့ဝင်နေရာတစ်ခု ရရှိခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်မက်က ယခုရရှိခဲ့သည့် လေးနှစ်သက်တမ်းရှိ ကော်မတီအဖွဲ့ဝင်နေရာသည် ကမ္ဘောဒီးယားနိုင်ငံအား UNESCO ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် မဲပေးခွင့်ရရှိစေမည့်အပြင် အနာဂတ်တွင် ကော်မတီအစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယခုရွေးချယ်ခံရမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုသံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများ၏ အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို ထင်ဟပ်စေကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး သဘောတူစာချုပ်တွင် ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (၇) ခုကို UNESCO ၏ ကိုယ်စားပြုစာရင်းတွင် ထည့်သွင်းသတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Ref: Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏ အဓိကဝန်ထုပ်ဝန်ပိုး ဖြစ်နေ

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဖူလုံရေးရုံး (NHSO) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ထိုင်းနိုင်ငံ၏ Universal Coverage Scheme (UCS) သို့မဟုတ် “ရွှေကတ်” ကျန်းမာရေးအာမခံစနစ် အကျိုးခံစားခွင့်ရှိသူများသည် အဆိုပါဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို စုစုပေါင်း အကြိမ်ရေ သန်း ၁၉၂ ကျော် အသုံးပြုခဲ့ကြောင်း NHSO...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ ဘေးတွဲယာဉ်များနှင့် ယာဉ်မောင်းများအား တရားဝင်လိုင်စင်ထုတ်ပေး၍ စနစ်တကျ ပြေးဆွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး ဝင်းတင့်က ဒေသန္တရလုပ်...

BRI နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ်က ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေဟု UIBE ပြတိုက်တွင် ဖော်ပြ

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရေးသည် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပေကျင်းမြို့ရှိ နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုတက္ကသိုလ် (University of International Business and Economics - UIBE) ၏ Foreign Economic and Trade Relations Museum တွင် ဖော်ပြထားသည်။ အဆိုပါ ပြတိုက်တွင် တရုတ်နိုင်ငံ၏ နှစ်ပေါင်းထောင်ချီကြာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071