Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeInternationalUNESCO မှ အမေရိကန်နုတ်ထွက်ရန်...

UNESCO မှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ဆုံးဖြတ်

UNESCOသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် မကိုက်ညီသော အစီအစဉ်များကို ထောက်ခံနေခြင်းကြောင့် UNESCO မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ရန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော် ဒုတိယပြန်ကြားရေးအတွင်းဝန် အန်နာ ကယ်လီက ပြောသည်။

ကယ်လီက “သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုကို UNESCO ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘာလို့လဲဆိုတော့ UNESCO က နိုးကြားလာမှု၊ ကွဲပြားမှုတွေရှိတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ခံနေတာက နိုဝင်ဘာလမှာ အမေရိကန်တွေ မဲပေးခဲ့တဲ့ မူဝါဒတွေနဲ့ လုံးဝကို ဆန့်ကျင်နေလို့ပါပဲ” ဟု New York Post သို့ မှတ်ချက်ပြုပြောကြားခဲ့သည်။

“နိုင်ငံ၏ နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်မှုအားလုံးသည် ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိစေရန်”ထရမ့်အစိုးရအဖွဲ့က အာရုံစိုက်ခဲ့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ UNESCO သည် ၎င်း၏ အမှုဆောင်ဘုတ်အဖွဲ့ကို အသုံးပြု၍ “အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များ” ကို မြှင့်တင်ခဲ့ကြောင်း၊ ၎င်းတွင် “ဂျူးဘာသာဝင်တို့၏ ဘုရားဖူးရာနေရာများကို ‘ပါလက်စတိုင်း ကမ္ဘာ့အမွေအနှစ်’ နေရာများအဖြစ် သတ်မှတ်ခြင်း” များ ပါဝင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

သူမသည် အဆိုပါအဖွဲ့အစည်းအား တရုတ်လိုလားသော အမြင်များရှိကြောင်း စွပ်စွဲခဲ့ပြီး UNESCO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Xing Qu သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ၎င်းမှာ “တရုတ်နိုင်ငံသည် UNESCO အပေါ် ၎င်း၏သြဇာအာဏာကို အသုံးပြု၍ ဘေဂျင်း၏အကျိုးစီးပွားအတွက် အထောက်အကူပြုသော ကမ္ဘာလုံးဆိုင်ရာစံနှုန်းများကို မြှင့်တင်ခဲ့သည်” ဟု သူမက ယုံကြည်ကြောင်းဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထရမ့်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA) တို့မှ အမေရိကန်ကို နုတ်ထွက်ရန်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်ခေါင်းဆောင်သည် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အစဥ်အလာရှိသော်လည်း ကြီးမားသောကိစ္စများကို အကောင်အထည်မဖော်နိုင်ခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် UNESCO မှ နုတ်ထွက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ အလွန်အမင်း နိုင်ငံရေးအရ အသုံးချခံရခြင်းနှင့် ရန်ပုံငွေများကို စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကို ကိုးကား၍ ၁၉၈၄ ခုနှစ်တွင် သမ္မတ ရော်နယ် ရေဂင်၏ အစိုးရအဖွဲ့က နုတ်ထွက်ခဲ့သည်။

ထို့နောက် အမေရိကန်သည် UNESCO နှင့် ၂၀၀၃ ခုနှစ်တွင် ပြန်လည်ပူးပေါင်းခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် UNESCO ၏ ကြွေးမြီတိုးလာခြင်း၊ များစွာသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်ခြင်းနှင့် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုများ ဆက်လက်ရှိနေခြင်းတို့ကို စိုးရိမ်ကြောင်း ဖော်ပြကာ ထပ်မံနုတ်ထွက်ခဲ့ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၃ ခုနှစ်တွင် အဆိုပါအဖွဲ့အစည်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071