အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအခက်အခဲများကြောင့် UID နံပါတ် မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း မြန်မာ့စီးပွားရေးဘဏ်များတွင် စီစဉ်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပြန်ထားသည်။
ပင်စင်လစာထုတ်ယူရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲမန်နေဂျာများထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။
မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားများ၏ ပင်စင်လစာ ထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရန်အတွက် Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစားများ ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များကို မြန်မာ့စီးပွားရေစဘဏ်၏ Centralized e-Pension Program oz တွင်ထည့်သွင်းရန် လိုအပ်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ် (၁၇၁) ဘဏ်တွင် UID နံပါတ် ရပြီးသူ အငြိမ်းစားများထံမှ အချက်အလက်များကို ရယူထည့်သွင်း ဆောင်ရွက်လျက်ရှိပြီး UID နံပါတ် ရရှိခြင်းမရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
