Monday, June 23, 2025

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ...

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် ကုမ္မဏီ လီမိတက် နှင့် GCL System Integration Technology Co., Ltd. (GCL SI)...
HomeNewsLocal NewsUEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား လျာထားသတ်မှတ်ပြီးဖြစ်ကာ အချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမည်ဟု အသိပေးခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပမည့်ရက်အား သတ်မှတ်ကြေညာပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုစိစစ်ပြီးချိန်၌ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာပေးသွားမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် လက်ရှိအချိန်၌ တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ(၉)ခုအနက် ပါတီ(၃)ခုမှာ သတ်မှတ်ရုံးခန်း အရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး ပါတီ(၆)ခုမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါသတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း(၉၀)ကြိုတင်၍ ကော်မရှင်၏အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့် နေ့ရက်အတွင်း သတ်မှတ်ရုံးခန်းပြည့်မီနိုင်ရေးကိုဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။

ထို့အတူ တိုင်း(သို့)ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ(၄၅)ခုအနက် ပါတီ(၁၉)ခုမှာ သတ်မှတ်ရုံးခန်းအရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး ပါတီ(၂၆)ခုမှာ သတ်မှတ်ရက်အတွင်း ရုံးခန်းပြည့်မီရန်ဆောင်ရွက်ရမည်ဖြစ်ကာ နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိသော တိုင်းနှင့် ပြည်နယ်များရှိ ပါတီများရုံးခန်းဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာပါတီ၏ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေးကောင်းမွန်သည့် မြို့နယ်ရုံးများတွင် ယာယီတွဲဖက်ဖွင့်လှစ်ခွင့်ပြုထားသည်ဟု အသိပေးခဲ့သည်။

ထို့ပြင် နယ်မြေအခြေအနေအခက်အခဲကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရန်အခက်အခဲရှိသော ပါတီများအတွက်လည်း UEC မှဖြေလျော့ဆောင်ရွက်ပေးထားသည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071