Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsFootballU-19 Futsal Cup...

U-19 Futsal Cup Mandalay 2025 ပြိုင်ပွဲ ကျင်းပမည်

U-19 Futsal Cup Mandalay 2025 ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၆)သင်းဖြင့် လာမည့် မတ်လ (၂၉) ရက်တွင် စတင်ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း သဲသောင်ပြင်နှင့် ဖူဆယ်ဆပ်ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲအား မန္တလေးတိုင်း ဖူဆယ်ဘောလုံးဆပ်ကော်မတီမှ ကြီးမှူး၍ Tun Tauk Myanmar Co;Ltd မှ အဓိက ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကာ၊ ပြိုင်ပွဲနှင့် ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီ (၂၀) ရက်က ပြိုင်ပွဲသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များ အတည်ပြုနိုင်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေး ရလဒ်အရ အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင် ကြေးအဖြစ် ကျပ်တစ်သိန်းငါးသောင်းအပြင် အာမခံကြေးအဖြစ် ကျပ် တစ်သိန်းပေးသွင်းရမည်ဖြစ်ကာ ၊ ပြိုင်ပွဲဝင် အသင်းတစ်သင်းတွင် ဂိုးသမား (၂) ဦးအပါအဝင် ကစားသမား အများဆုံး (၁၆) ဦး၊ အနည်းဆုံး (၁၀)ဦး ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင် အများဆုံး (၅) ဦး အနည်းဆုံး (၂) ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသင်းတစ်သင်း၌ ၉/မှတ် ပုံတင်မဟုတ်သည့် ပြင်ပ ကစားသမား (၂)ဦး ထည့်သွင်း ပါဝင်ခွင့်ရှိပြီး၊ MNL League 1/2 ၊ MNl U 20 ၊ MFF Futsal League 1/2 ကစားခဲ့ဖူးသည့် ကစားသမားများ သက်တမ်းအလိုက်ဘောလုံး/ဖူဆယ် လက်ရွေးစင်ကစားသမားများ ပါဝင်ကစားခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

သတ်မှတ်ချက်နှင့် မကိုက်ညီသော ကစားသမားများကို ထည့်သွင်းကစားကြောင်း စစ်ဆေးတွေ့ရှိပါက အသင်းအား ရောက်ရှိသည့် အဆင့်မှ ထုတ်ပယ်ကာ အသင်းနှင့် ကစား သမားများအား ပွဲပယ်ပြစ်ဒဏ်များ ချမှတ်သွားဟု ဆိုသည်။

ပြိုင်ပွဲကို ပထမအဆင့် အုပ်စုပတ်လည်စနစ်၊ ဒုတိယအဆင့် ရှုံးထွက်စနစ်များဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကာ ပွဲစဥ်အလိုက် အကောင်းဆုံးကစားသမားဆုများကို ရှုံးထွက်အဆင့်မှစတင်၍ ကော်မတီနည်းပြအဖွဲ့ဝင်များက ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆု ကျပ်(၇) သိန်း၊ ဒုတိယဆု ကျပ်(၅)သိန်း၊ တတိယဆု ကျပ်(၃)သိန်း၊ အကောင်းဆုံးကစားသမားဆု ကျပ်(၁)သိန်းနှင့် အကောင်းဆုံးဂိုးသမားဆု ကျပ်(၁)သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071