ဂျပန်နိုင်ငံတွင် ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်း၏ ပဏာမကစားသမား ၂၃ ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ အဆိုပါပြိုင်ပွဲသို့ နှစ်စဉ် စေလွှတ်ယှဉ်ပြိုင်လျက်ရှိကာ ယခုနှစ်မှာ စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။
မြန်မာ ယူ-၁၂ အသင်းအတွက် ကစား သမားရွေးချယ်ပွဲများကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီနှင့် မန္တလေးမြန်မာဘောလုံးအကယ်ဒမီတို့၌ ကျင်းပခဲ့ပြီးနောက် ပဏာမကစားသမား ၂၃ ဦးကို ရွေးချယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဏာမမြန်မာ ယူ-၁၂ အသင်းသည် ဇူ လိုင် ၂၅ ရက်မှစတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်မည်ဖြစ်ပြီး U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို လာမည့် ဩဂုတ်လအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
