မြန်မာယူ-၁၂ အသင်းအနေဖြင့် ဂျပန်နိုင်ငံက အိမ်ရှင်အဖြ စ် နှစ်စဉ်ကျင်းပနေသည့် U-12 Junior Soccer World Challenge 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအား ယခုလ ဩဂုတ် (၁၉) ရက် မှ (၂၁) ရက်အထိ ဂျပန်နိုင်ငံ၊ ချီဘားရှိ ဖူကူဒါဒန်ရှီကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်များ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံရရှိစေရန် ၂၀၂၃ ခုနှစ်မှ စတင်ကာ အဆိုပါ ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှ စ်ပြိုင်ပွဲသည် တတိယအကြိမ်မြောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်သည်။
U12 Junior Soccer World Challenge 2025 ပြိုင်ပွဲတွင် ဥရောပ နာမည်ကျော်ကလပ် ဘာစီလိုနာမှ ယူ-၁၂ အသင်းနှင့် ဖိတ်ခေါ်ခံရသော အသင်းများ၊ ဂျပန်အခြေစိုက်အသင်းများ အပါအဝင် အသင်းပေါင်း (၄၀)ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စု (၈) ခုခွဲထားပြီး တစ်အုပ်စုလျှင် အသင်း (၅) သင်း ပါဝင်မည်ဖြစ်ကာ မြန်မာယူ – ၁၂ အသင်းမှာ အုပ်စု (D) တွင် Vegalta Sendai, Tokyo Verdy Jr, Ekkono Meth od, Shonan Bellmare အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သ ည်။
မြန်မာ ယူ – ၁၂ အသင်းကို ပြီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် မြန်မာဘောလုံးအကယ် ဒမီ (မန္တ လေး)မှ ကစားသမား ၁၈ ဦးဖြင့်ဖွဲ့စည်းထားပြီး အသင်းအု ပ်ချုပ်သူအဖြစ် ဦးထွန်းအောင်ကျော်၊ အသင်းနည်းပြချုပ်အဖြစ် ဦးတင်မောင်ဝင်းတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။
