Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal NewsTV360 by Mytel...

TV360 by Mytel နဲ့ Online / Offline ရုပ်သံလိုင်း‌ပေါင်းများစွာကို ကြည့်ရှုခံစားကြမယ်…

မြန်မာ့ထိပ်တန်း ဒစ်ဂျစ်တယ် ဖျော်ဖြေရေးပလက်ဖောင်းဖြစ်သော TV360 by Mytel ကို ၂၀၂၅ခုနှစ် ဩဂုတ်လတွင် သုံးစွဲသူများထံသို့ စတင်မိတ်ဆက်လိုက်ပါပြီ။ TV360 ဆိုသည်မှာ မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် ကဏ္ဍစုံလင် ရသစုံလင်သော ဖျော်ဖြေမှုပေါင်းမျိုးစုံကို တစ်နေရာတည်းမှာတင် ကြည့်ရှုခံစားလို့ရမယ့် OTT TV Application တစ်ခုပဲဖြစ်ပါတယ်။ ဖုန်းနံပါတ်လေးတစ်လုံးရှိရုံနဲ့ အကောင့်တစ်ခုကို လွယ်ကူရိုးရှင်းစွာပဲ ဖြည့်သွင်းအကောင့်ဖွင့်ပြီးနောက် များစွာသော ရုပ်သံဖျော်ဖြေရေး ပေါင်းစုံကို တစ်နေရာတည်းမှာ စိတ်ကြိုက် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

TV360 အက်ပလီကေးရှင်းတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ သင်ကြားပို့ချမှုများ၊ အပန်းဖြေရန် ကာတွန်းကားပေါင်းများစွာကို ကြည့်ရှုနိုင်သလို လူငယ်တွေအကြိုက် LiveTV၊ အားကစားမျိုးစုံ၊ Esports၊ အလှအပဆိုင်ရာ၊ ဂီတ၊ Karaoke၊ အစားအသောက်များ၊ Discovery ၊ နာမည်ကြီး ကိုရီးယားဒရာမာများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းစုံ နှင့် စိတ်ဝင်စားဖွယ်ရာ ရုပ်သံလိုင်းများအပြင် လူကြီးတွေအတွက် တရားဓမ္မများ၊ လွမ်းမောတသဖွယ် ခေတ်ဟောင်းရုပ်ရှင်ကောင်းများ အစရှိသဖြင့် အစုံလင်တကာ့အစုံလင်ဆုံး ချန်နယ်လိုင်းပေါင်းများစွာ တစ်နေရာတည်းမှာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေဆိုရင်လည်း နိုင်ငံပေါင်းစုံက အမျိုးအစားစုံလင်လှတဲ့ရုပ်ရှင်အများအပြားကို စာတန်းထိုးနဲ့ တဝကြီးစိတ်ကြိုက် ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်။ အချိန်နဲ့တပြေးညီလွှင့်နေတဲ့ အားလုံးအကြိုက် ကိုရီးယားဇာတ်လမ်းတွဲတွေကိုလည်း တကူးတက ရှာစရာမလိုဘဲ TV360 မှာအမြဲ update တွေနဲ့အတူ ကြည့်ရှုလို့ရနေပြီပဲ ဖြစ်ပါတယ်။ TV360 နဲ့ဆိုရင် လွှင့်ပြီးသား TV Show များကိုပြန်လည်ကြည့်ရှုနိုင်သလို ကြည့်ချင်တဲ့ ဇာတ်ကားလေးတွေကိုလဲ နောက်မှကြည့်ဖို့ Save Later လုပ်ထားလို့ရပါတယ်။ ဒါမှမဟုတ် ကြည့်ချင်တဲ့ ဇာတ်ကား၊ ဗီဒီယိုလေးတွေကို Download လုပ်ထားမယ်ဆိုရင်တော့ ကိုယ်အားလပ်တဲ့အချိန် ဖြစ်ဖြစ် မီးပျက်နေတဲ့ အချိန်ဖြစ်ဖြစ် ‌ဒေတာဖွင့်စရာမလိုပဲ TV360 ထဲက Offline Mode မှာ အေးအေးဆေးဆေးလေး ကြည့်ပြီး Chill လို့ရပါသေးတယ်။

ဖုန်းအမျိုးအစားအစုံအလင်အပြင် Tablet, Laptop, TV အစရှိတဲ့ Device ပေါင်းစုံကနေလည်း ဝင်ရောက်ထားလို့ရပါတယ်။ အမိုက်တကာ့အမိုက်ဆုံးတစ်ခုကတော့ Fortune TV, Mahar, MRTV, MRTV-4 နှင့် Channel7 အစရှိတဲ့ ချန်နယ်တွေကို တစ်နေရာတည်းမှာ အချိန်မရွေး ဖုန်းလေးထဲက ကြည့်ရှုလို့ရမှာဆိုတော့ တော်တော်လေးမိုက်သွားပြီ။ ဒီလိုအရမ်းမိုက်တဲ့ အက်ပလီကေးရှင်းကို ခေတ်နောက်မကျအောင် Google Play Store နှင့် Apple App Store မှာ အခုပဲ ဒေါင်းလုဒ်ရယူထားလိုက်ပါ…

https://apps.apple.com/mm/app/tv360-by-mytel/id6740398762https://play.google.com/store/apps/details?id=com.mytel3.tv360

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071