Tuesday, May 20, 2025

အိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီလွှတ်တော် အတည်ပြု

တရားရုံးသည် နိုင်ငံရေးအသွင်ဆန်လာသည်ဟု ဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန်အစိုးရက ပြောဆိုခဲ့သည့် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ) မှ နိုင်ငံ နုတ်ထွက်မည့် တစ်နှစ်ကြာ လုပ်ငန်းစဉ် စတင်ရမည့်...

လားရှိုးလေကြောင်း ခရီးစဉ် ပြေးဆွဲခြင်းမရှိသေးဘဲ လက်မှတ်အရောင်းများ...

လားရှိုးမြို့မှတဆင့် ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းမရှိသေးဘဲ လက်မှတ်ရောင်းချမှုများ ယာယီပိတ်ထားဆဲဖြစ်ကြောင်း ပြည်တွင်းလေယာဉ်လက်မှတ်ရောင်းချပေးနေသူတစ်ဦးက ပြောသည်။ " လောလောဆယ် မန္တလေး-လားရှိုး ခရီးစဉ်ကို Flight on...

ရုရှားနိုင်ငံ၌ ရုရှား-တရုတ်ဖိုရမ်စတင်ကျင်းပ

ခါဘရို့စ်ခ်၊မေ ၂၀ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် "ရုရှား-တရုတ်ဖိုရမ်" ကို ရုရှားနိုင်ငံ ခါဘရို့စ်ခ်မြို့၌ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များ၊အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များအပါအဝင် လူ...

မြဝတီရှိ ကျားဖျန့်ဂိုဏ်များမှ ထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသား...

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှားနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား(၃၁)ဦးကို ယနေ့ မေ (၂၀) ရက်‌၌...
HomeInternationalTiktok အသုံးပြုသူများ၏ ဒေတာများကို...

Tiktok အသုံးပြုသူများ၏ ဒေတာများကို ဝင်ကြည့်ခဲ့သော ဝန်ထမ်းလေးဦးကို ကုမ္ပဏီက အလုပ်ဖြုတ်

Tiktok ၏ တရုတ်မိခင်ကုမ္ပဏီဖြစ်သော ဘိုက်ဒန့်စ်က ၎င်း၏ ဝန်ထမ်းအချို့သည် သတင်းထောက်နှစ်ဦး၏ Tiktok အကောင့်မှ ဒေတာများကို ကျင့်ဝတ် နှင့်မညီ ဘဲဝင်ရောက်ကြည့်ရှုခဲ့၍ ၎င်းတို့အား ကုမ္ပဏီက အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဘိုက်ဒန့်စ် ဝန်ထမ်းများသည် ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီ၏ အချက်အလက်များ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးရာမှ ၎င်းတို့၏ ဒေတာကို ဝင်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ဖိ နှင့် ဖိုင်နန်ရှယ်တိုင်း မှ သတင်းထောက်နှစ်ဦးနှင့် ၎င်းကုမ္ပဏီရှိ ဝန်ထမ်းများကြား အချိတ်အဆက်ရှိ မရှိကို ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ကြောင်း ဘိုက်ဒန့်စ်၏ အထွေထွေအကြံပေး အဲရစ်ရှ် အန်ဒါဆန်က ဆိုသည်။

ထိုဝန်ထမ်းများသည် လျို့ဝှက် အချက်အလက်များ ပေါက်ကြားခဲ့သည်ဟု ယူဆထားသော ဝန်ထမ်းများ၊သတင်းထောက်များ နှင့်တစ်နေရာတည်းတွင် အတူရှိခဲ့ခြင်း ရှိ မရှိကို သိလို၍ ၎င်းတို့၏ အိုင်ပီလိပ်စာများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖွင့်ဟလာမှုကြောင့် TikTok သည် အမေရိကန် အသုံးပြုသူများ၏ ဒေတာ လုံခြုံရေးနှင့် ပတ်သတ်၍ စိုးရိမ်နေကြသော ဝါရှင်တန်ရှိ လွှတ်တော်အမတ်များနှင့် ဘိုင်ဒင် အစိုးရတို့ က ဖိအားပိုမိုပေးလာခြင်းနှင့် ရင်ဆိုင်ရလာမည် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသော တရုတ်မှ ဝန်ထမ်းနှစ်ဦးနှင့် အမေရိကမှ ဝန်ထမ်းနှစ်ဦး စုစုပေါင်းလေးဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အသုံးပြုသူများ၏ ဒေတာကို ကာကွယ်ရန်အတွက် နောက်ထပ်အဆင့်များ တိုးချဲ့လုပ်ဆောင်နေသည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောခဲ့သည်။

Source: The Guardian

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီလွှတ်တော် အတည်ပြု

တရားရုံးသည် နိုင်ငံရေးအသွင်ဆန်လာသည်ဟု ဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန်အစိုးရက ပြောဆိုခဲ့သည့် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ) မှ နိုင်ငံ နုတ်ထွက်မည့် တစ်နှစ်ကြာ လုပ်ငန်းစဉ် စတင်ရမည့် ဥပဒေမူကြမ်းကို ဟန်ဂေရီပါလီမန်က အင်္ဂါနေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အိုင်စီစီ ဖမ်းဝရမ်းကို အာခံကာ ရှားရှားပါးပါးနိုင်ငံခြားခရီးစဉ်အဖြစ် ဟန်ဂေရီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကို သွားရောက်ခဲ့ပြီးနောက် သိပ်မကြာခင် ဧပြီလ ၃ ရက် နေ့တွင် အော်ဘန်၏ အစိုးရက နုတ်ထွက်မည့်အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ အိုင်စီစီသည် ဘက်မလိုက်သော တရားရုံး၊ တရားဥပဒေစိုးမိုးသော တရားရုံးမဟုတ်တော့ဘဲ...

လားရှိုးလေကြောင်း ခရီးစဉ် ပြေးဆွဲခြင်းမရှိသေးဘဲ လက်မှတ်အရောင်းများ ယာယီပိတ်ထားဆဲဖြစ်ဟုဆို

လားရှိုးမြို့မှတဆင့် ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းမရှိသေးဘဲ လက်မှတ်ရောင်းချမှုများ ယာယီပိတ်ထားဆဲဖြစ်ကြောင်း ပြည်တွင်းလေယာဉ်လက်မှတ်ရောင်းချပေးနေသူတစ်ဦးက ပြောသည်။ " လောလောဆယ် မန္တလေး-လားရှိုး ခရီးစဉ်ကို Flight on ထားပြီးမှ အရောင်းလေးပြန်ပိတ်ခိုင်းထားပါတယ်။ ရောင်းပြီးသားတွေလည်း လောလောဆယ် ပြန်ရပ်ထားခိုင်းပါတယ်၊ ကွင်းဖွင့်ရင်တော့ အကြောင်းပြန်ပေးသွားမှာပါ"ဟု ၎င်းက ရှင်းပြသည်။ ရှမ်း/မြောက် တို-က်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ လားရှိုးလေကြောင်း ခရီးစဉ်များ ပိတ်သိမ်းထားသည် တစ်နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေး-လားရှိုး လေကြောင်းခရီးစဉ် ပြန်လည်ပေးဆွဲလျက်ရှိပြီး လားရှိုးလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကပထမဆုံးအကြိမ် လားရှိုးသို့ ဆင်းသက်ခဲ့သည်ဆိုသည့် သတင်များ လူမှုကွန်ရက်စာမျက်နှာအချို့တွင်...

ရုရှားနိုင်ငံ၌ ရုရှား-တရုတ်ဖိုရမ်စတင်ကျင်းပ

ခါဘရို့စ်ခ်၊မေ ၂၀ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် "ရုရှား-တရုတ်ဖိုရမ်" ကို ရုရှားနိုင်ငံ ခါဘရို့စ်ခ်မြို့၌ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များ၊အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များအပါအဝင် လူ ၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ အဖွင့်အမှာစကားတွင် ခါဘရို့စ်ခ်အုပ်ချုပ်ရေးမှူးက ဒေသတွင်းနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအားကောင်းလာကာ စက်မှု၊စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်သည့်စီမံချက်များ သည် ပုံမှန်တိုးတက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။ ရုရှားအရှေ့ဖျား၌ နှစ်နိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများသည် ခေတ်မီထုတ်လုပ်မှုနှင့်နည်းပညာဆန်းသစ်တီထွင်မှုတို့တွင် အလုပ်အကိုင်အသစ်များဖန်တီးပေးနိုင်ရန် လက်တွဲလုပ်ဆောင်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။ "ကျွန်တော်တို့က တံတားကိုပဲ တည်ဆောက်နေတာမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှု၊ ပြီးတော့ နှစ်ဘက်စလုံးက သာယာဝပြောရေးတွေကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071