Friday, July 17, 2026

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန်ရည်မှန်းထားဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော

မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေး က ပြောသည်။ ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံ နက်ပိုင်းတွင်...

မီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံ ရေးဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

မြန်မာနိုင်ငံတစ်ဝန်း၌ ဆိုလာစနစ်အသုံးပြုမှုများပြားလာရာ မီးသတ်ဦးစီးဌာနရှိမီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဆိုလာစနစ်၏ တည်ဆောက်ပုံကိုစနစ်တကျနားလည်သိရှိပြီး အိမ်သုံးဆိုလာစနစ်(Home Solar System)နှင့် Solar Farm ကြီးများကို မီးဘေးလုံခြုံရေးစစ်ဆေးအ...
HomeNewsLocal NewsThiamethoxam နှင့် Clothianidin...

Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံတွင် (၂) နှစ်ကြာ တားမြစ်ပိတ်ပင်

နေပြည်တော်၊ ဇူလိုင်-၁၇

အဆိပ်ရှိပစ္စည်းများဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း (၂)နှစ်ကြာ သုံးစွဲခွင့်တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများ (Banned Pesticides) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ဇူလိုင် ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။

ယင်းဆုံးဖြတ်ချက်မှာ ဇူလိုင် ၇ ရက်က ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေးအတွက် လိုအပ်သည့်အတွက် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို ဇူလိုင် ၁၅ ရက်မှစတင်ကာ (၂) နှစ်တာ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများနှင့် အရောင်းဆိုင်များအနေဖြင့် လက်ကျန် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို ဇူလိုင်လကုန်နောက်ဆုံးထား၍ နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ အပ်နှံရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

တားမြစ်ကာလ (၂) နှစ်အတွင်း အဆိုပါပိုးသတ်ဆေးများကို မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းကမျှ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖော်စပ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ ရောင်းချခြင်းနှင့် သုံးစွဲခြင်းများကို ခွင့်ပြုမည်မဟုတ်ဘဲ စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းပိုးသတ်ဆေး (၂) မျိုးကို တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကပင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

Thiamethoxam နှင့် Clothianidin သည် Neonicotinoid ဓာတုဗေဒမိသားစုဝင် ပိုးသတ်ဆေးများဖြစ်ပြီး စားသုံးသီးနှံများရှိ ပိုးမွှားများကို ထိန်းချုပ်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိသော်လည်း အဆိပ်အာနိသင်နှင့် ဓာတ်ကြွင်းဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံအချို့တွင် သုံးစွဲမှုကို ကန့်သတ်ခြင်းနှင့် တားမြစ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာအသင်းသည် လေ့ကျင့်ရေးအစီ အစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရသည်။ မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာအသင်းသည် လေ့ကျင့်ရေးအစီ အစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက် နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရသည်။ မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ...

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန်ရည်မှန်းထားဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော

မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေး က ပြောသည်။ ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံ နက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မြန်မာ-တရုတ်နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတော်ပူးပေါင်းဆောင်ရွက်မှုများမှရရှိလာမည့် အပြန်အလှန်အကျိုးကျေးဇူးများကိုအသိအမှတ်ပြုပြီး နိုင်ငံ၏ သဘာဝအခြေခံထင်ရှားမှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြည့်စုံမှုကို ကာကွယ်စောင့်ရှောက်ရန်ကြိုးပမ်းအားထုတ်မှုများဆက်လက်အားကောင်းစေရေးအတွက် နိုင်ငံတကာ၏ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလှိုက်လှဲစွာကြိုဆိုသည်ဟု ပြောကြားသည်။ ထို့ပြင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များထိရောက်အောင်မြင်ရန် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းသည် အဓိကကျပြီး အထောက်အကူပေးသည့် အခန်းကဏ္ဍတွင်ပါဝင်သည်ဟု ပြောသည်။ "နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာနိုင်ငံမှာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071