Thailand Education Fair Myanmar 2023 ကို လာမည့် ဒီဇင်ဘာ (၃) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို နံနက် (၉) နာရီ မှ ညနေ (၄) နာရီထိ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ကျင်းပသွားမည်ဖြစ်သည်။
“ဒီပြပွဲမှာ မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တစ်နေရာတည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်က ပညာဆည်းပူးလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဘာသာရပ်ဆိုင်ရာ ပညာသင်ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်”ဟုထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက ပြောပါတယ်။
အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ၌ ထိုင်းနိုင်ငံရှိ တက္ကသိုလ် (၁၂)ကျောင်းနှင့်တိုက်ရိုက်ချိတ်ဆက်၍ အခမဲ့ဆွေးနွေးခွင့်များ ရရှိနိုင်မည်ဖြစ်သည်။
ယင်းထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း Association of Myanmar Alumni from Universities in Thailand (AMAUT) မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် အသင်းဖြစ်ကြောင်း သိရသည်။