Thai League -1 ပြိုင်ပွဲ၏ တစ်ပတ်တာအကောင်းဆုံးကစားသမားအဖြစ် မြန်မာ့လက်ရွေးစင် ကစားသမား အောင်သူရွေးချယ်ခံရကြောင်း ၎င်း ဝင်ရောက်ကစားနေသည့် Uthai Thani အသင်းက အသိပေးထုတ်ပြန်ထားသည်။
ယခု တစ်ပတ်အတွင်း ကစားခဲ့သည့် Thai League -1 ပွဲစဉ် တစ်ပွဲဖြစ်သည့် Uthai Thani အသင်းနှင့် Nung Bua Phit FC အသင်းတို့၏ ပွဲစဉ်အတွင်း မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူအနေဖြင့် (၁)ဂိုးသွင်း ၊ (၁)ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
ထို့အတူ ပွဲစဉ်တစ်လျှောက် ဂိုးဖန်တီးမှု ( ၅ )ကြိမ် ၊ ဂိုးပေါက်တည့် ကန်သွင်းမှု ( ၅ )ကြိမ် ၊ ဘောလုံးအတိုပေး အောင်မြင်မှု ( ၉၆.၄ ) ရာခိုင်နှုန်း ၊ ဘောလုံးဖြတ်တင်မှု ( ၃ )ကြိမ် ၊ ဘောလုံးဖြတ်ကျော်နိုင်မှု ( ၅၀ ) ရာခိုင်နှုန်း စသည့် အချက်အလက်များဖြင့် ထိုင်းလိဂ်ဝမ်း ပြိုင်ပွဲ၏ တစ်ပတ်တာ အကောင်းဆုံး အားကစားသမားအဖြစ် သတ်မှတ်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းလိဂ်ပွဲစဉ်များတွင် ပါဝင်ကစားနေသည့် မြန်မာ့လက်ရွေးစင် အောင်သူအနေဖြင့် တစ်ပတ်တာအကောင်းဆုံးကစားသမားဆု ( Player of the week )ရရှိသည့်အပြင် မောင်မောင်လွင် ( Top stats of the week )၊ လွင်မိုးအောင် ( Goals of the week )၊ ဇော်မင်းထွန်း ( Player of the match )တို့မှာလည်း သက်ဆိုင်ရာထိုင်းလိဂ်အသင်းများနှင့်အတူ စွမ်းဆောင်ရည်ဆုများကိုရရှိခဲ့ခြင်းလည်းဖြစ်သည်။
