ဖေဖော်ဝါရီ(၇)ရက် ညနေပိုင်းက ကျင်းပခဲ့သည့် Thai Le age-1 ပွဲစဉ်အတွင်း မြန်မာလက်ရွေးစင် ကစားသမား လွင်မိုးအောင်က ပထမဆုံးသွင်းဂိုး အသင်းအတွက် သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
ပွဲစဉ်အတွင်း မြန်မာ့လက်ရွေးစင်ကစားသမား လွင်မိုးအောင်ကို ခေါ်ယူထားသည့် လရောင်းအသင်းနှင့် ထရူးဘန်ကောက်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယခုနှစ် ထိုင်းလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် ပထမဆုံးသွင်းဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ထိုင်းလိဂ်-၁ဘောလုံးရာသီအတွင်း လရောင်းအသင်းအား ဘရာဇီးလူမျိုးနည်းပြ Carlos Eduardo Parreira က ကိုင်တွယ်လျက်ရှိပြီး ၎င်း၏ လက်ထက်တွင် လွင်မိုးအောင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် လွင်မိုးအောင်အနေဖြင့် ပြီးခဲ့နှစ်ဘောလုံးရာသီ ထိုင်းလိဂ်(၂)ပွဲစဉ်တွင်လည်း သွင်းဂိုး အပါအဝင် ဂိုးဖန်တီးမှုများကို အသင်းအတွက် ဖန်တီးနိုင်ခဲ့သဖြင့် လက်ရှိ အသင်း၏ တန်းတက်ပြိုင်ပွဲ၌ အရေးပါသည့် ကစားသမားအဖြစ် ပါဝင်နေခြင်းဖြစ်သည်။
လွင်မိုးအောင်ပါဝင်ကစားနေသည့် လရောင်းအသင်းသည် ထရူဘန်ကောက်ယူနိုက်တက်အသင်းကို အဝေးကွင်း၌ (၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၁၃)တွင် ရပ်တည်လျက်ရှိသည်။
