Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...
HomeNewsLocal NewsTaxi ကားများ၏ ဘေးစတစ်ကာနံပါတ်များအား...

Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မြို့နယ်အလိုက်သတ်မှတ်သင်္ကေတများပြောင်းလဲမည်

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များတွင် မြို့နယ်အလိုက်သတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

“ရန်ကုန်တိုင်းက ၄၅ မြို့နယ်မှာ မြို့နယ်တစ်ခုချင်းအလိုက် မြို့နယ်သတ်မှတ်သင်္ကေတနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာပါ ဘေးစတစ်ကာနံပါတ်တွေပေါ်မှာပြောင်းလဲတပ်ဆင်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

Taxi ယာဥ်များ၏ ဘေးစတစ်ကာနံပါတ်များအား မြို့နယ်အလိုက် ပြောင်းလဲသတ်မှတ်ရာတွင် တိုက်ကြီးမြို့နယ်မှ Taxi ယာဥ်များ၏ သင်္ကေတအမှတ်အသားနံပါတ်သည် No-1 ၊ ထန်းတပင်မြို့နယ်မှ Taxi ယာဥ်များသည် No-2 ၊ မင်္ဂလာဒုံမြို့နယ်မှ Taxi ယာဥ်များသည် No-3 အစရှိသဖြင့်မြို့နယ်အလိုက် သင်္ကေတအမှတ်အသားနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Taxi ကားများအား မှတ်ပုံတင်ရာ၌ ယခင် တောင်းခံသည့် ရပ်ကွက်ထောက်ခံစာ၊သန်းခေါင် စာရင်း၊စာချုပ်တောင်းခံခြင်းများမပြုလုပ်တော့ဘဲ လက်ရှိအချိန်တွင် ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊သက်တမ်းတိုးပြီး အထောက်အထား၊လုပ်ငန်းလိုင်စင်အပိုင်း ၁ နှင့် ၂ ၊ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်း၏ မှတ်ပုံတင်၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ယာဉ်မောင်းလိုင်စင် “ဃ”နှင့်“င” တို့ကိုသာတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒါတွေကို လာရောက်ဆောင်ရွက်သူကို ပြန်ပေးလိုက်မှာပါ အချက်အလက်တွေကို e-Government စနစ်အတိုင်း ကွန်ပျူတာနဲ့သိမ်းဆည်းထားမှာပါ”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် Taxi ယာဉ်များ မှတ်ပုံတင်ရာ၌ ယခင်ကောက်ခံသည့်နှုန်းများနှင့်ဒဏ်ကြေးများ ကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခ ၃၀၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ကတ်စနစ် ၃၅၀၀ ကျပ်နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ်တို့ကိုသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် Taxi ယာဉ်များ စည်းကမ်းနှင့်အညီစနစ်တကျပြေးဆွဲနိုင်ရန်၊ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာဝန်ဆောင်မှုပေးနိုင်ရန်၊မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန် YRTC စီမံမှုအောက်ရှိ “ဂ”စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူ

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ မေတ္တာနဲ့ခွဲစိတ်ပေးသော Dr.U Kyaw Htet နှင့် ဆုတောင်းကူညီပေးသူ အယောက်စီတိုင်း ကျေးဇူးအထူး တင်ပါတယ်။ ဒီနေ့တော့ အနာရှိန်နဲနဲတက်လို့ ဆက်လက်ဆုတောင်းပေးကြပါဦး ခင်ဗျာ။ သည်းခြေကျောက်ရှိလို့ သည်းခြေပါ ထုတ်လိုက်တာပါ” ဟု ရေးသားမျှဝေထားသည်။ ယခုလ မေ(၁၅)ရက်ကလည်း ၎င်း၏ မွေးနေ့ကျရောက်ခဲ့ပြီး မွေးနေ့နှုတ်ဆက်ဆုတောင်းပေးကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ပြန်တွေ့ကြပါဦးမည်ဟု ရေးသားမျှဝေထားသည်။

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅ ဦး ပျေ-ာက်ဆုံးနေသေး

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် နောက်ထပ် စက်ယန္တရားကြီးတစ်စင်းကို အခင်းဖြစ်ရာ၌ ထပ်မံအသုံးပြုခဲ့ပြီး စုစုပေါင်းနှစ်စီးဖြင့် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုခဲ့သော်လည်း အဆိုပါဒေသသည် ဆက်သွယ်ရေးစနစ်အလွန်ညံ့ဖျင်းသဖြင့် ကယ်ဆယ်ရေးသမားများထံ သတင်းရောက်ရန် ကြန့်ကြာခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှအကြီးအကဲက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချန်ရှီမြို့မြေပြိုမှုကြာင့် လူနှစ်ဦးပိ-တ်မိနေခဲ့ကာ ဂါဝါမြို့မြေပြိုမှုကြောင့် လူ ၁၉ ဦးပိ-တ်မိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကြာသပတေးညကိုးနာရီအထိ အဆိုပါမြို့နှစ်မြို့ရှိ ပိ-တ်မိနေသူများအနက် ချန်ရှီ၌‌ေ-သဆုံးသူနှစ်ဦးနှင့်ဂါဝါ၌‌ေ-သဆုံးသူနှစ်ဦးရှိလာကာ စုစုပေါင်း လေးဦး‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးကြိုတင်ကာကွယ်လျှော့ချရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတော်ကော်မရှင်က ပြင်းထန်သည့်ရေကြီးမှုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ အထူးသဖြင့် မြေပြိုမှုများအတွက် အဆင့် ၄ ရှိသည့် ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုတစ်ရပ်ကိုလည်းစတင်ခဲ့သည်။ အဆိုပါကော်မရှင်သည် ရေဘေးသင့်ဒေသများသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ကိုစေလွှတ်ထားပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071